စင်္ကာပူနိုင်ငံသား ၄၉ ရာခိုင်နှုန်းက မဝေးတော့သည့်အနာဂတ်တွင် အိမ်ခြံမြေ ၀ယ်လိုကြ

စင်္ကာပူနိုင်ငံသား ၄၉ ရာခိုင်နှုန်းက မဝေးတော့သည့်အနာဂတ်တွင် အိမ်ခြံမြေ ၀ယ်လိုကြ - Property News in Myanmar from iMyanmarHouse.com
27 Sep 2017 11:34 am တွင် တင်ခဲ့သည်
5888 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူနိုင်ငံသား ၁၀ ဦးတွင် ငါးဦးနီးပါးက မဝေးတော့သည့် အနာဂတ်တွင်
လူနေအိမ်ခြံမြေ ၀ယ်ယူလိုကြကြောင်း အာရှထိပ်တန်းအိမ်ခြံမြေ၀က်ဘ်ဆိုက်ဒ်
PropertyGuru ၏ ၂၀၁၇ ပထမနှစ်ဝက်အတွက် ဒေသဆိုင်ရာ
အိမ်ဝယ်ယူလိုစိတ်စစ်တမ်းအရ သိရသည်။

ယင်းစစ်တမ်းတွင် စင်္ကာပူက ထိုင်း၏ ရလဒ် ၄၃ ရခိုင်နှုန်းထက် မြင့်သော်လည်း ၅၂ ရာခိုင်နှုန်းနှင့် ရာခိုင်နှုန်း ၆၀ အသီးသီး ရှိကြသည့် မလေးရှားနှင့် အင်ဒိုနီးရှားတို့၏ ရလဒ်များအောက် နိမ့်သည်။

စင်္ကာပူတွင် ယင်းသို့ အိမ်ခြံမြေ၀ယ်ယူလိုစိတ် အားကောင်းသော်လည်း အိမ်ခြံမြေရှာဖွေသူများသည် အိမ်ခြံမြေဈေးနှုန်းများနှင့်ပတ်သက်၍ စိုးရိမ်နေကြရဆဲ ဖြစ်သည်။

အိမ်ခြံမြေ၀ယ်ယူရန်တတ်နိုင်မှုအခြေအနေသည် ၂၀၁၆ ခုနှစ် ဒုတိယနှစ်ဝက်အတွက် စစ်တမ်းကအတိုင်း ယခုနှစ်ပထမနှစ်ဝက်တွင် စင်္ကာပူက ၂၉ ရာခိုင်နှုန်း၊ ထိုင်းက ၃၄ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၅၂ ရာခိုင်နှုန်းနှင့် မလေးရှားက ၃၈ ရာခိုင်နှုန်း ရှိခဲ့ပြီး မပြောင်းလဲခဲ့ပေ။

"စင်္ကာပူမှာ အိမ်ဝယ်လိုစိတ် ဆက်လက်အားကောင်းနေတာကို တွေ့ရပေမဲ့
သုံးစွဲသူတွေက အိမ်ဝယ်ဖို့ သူတို့ရဲ့ တတ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို ဆက်လက်ဖော်ပြနေကြပါတယ်။ စင်္ကာပူအိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၈ ခုနှစ်မှာ
ပြန်လည်နာလန်ထူလာနိုင်ပေမဲ့လည်း ၀ယ်ယူဖို့တတ်နိုင်စွမ်းနဲ့ပတ်သက်လို့
စိုးရိမ်မှုတွေဟာ ရောင်းလိုအားကို ဆက်လက်ကန့်သတ်နေနိုင်ပါတယ်" ဟု PropertyGuru လုပ်ငန်းစု၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) ဟာရီဗွီခရစ်ရှ်နန်က ပြောကြားခဲ့သည်။

စင်္ကာပူနိုင်ငံသားများသည် အိမ်သစ်နှင့် အသုံးပြုပြီး ပြန်လည်ရောင်းချသည့် အိမ် နှစ်မျိုးစလုံးကို ၀ယ်ယူလိုကြကြောင်း၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ နိုင်ငံသားတို့က
အိမ်သစ်ကိုသာ ၀ယ်ယူလိုကြကြောင်းလည်း အထက်ပါစစ်တမ်းက ဖော်ပြခဲ့သည်။

အိမ်ဝယ်ယူရာတွင် တည်နေရာနှင့် လုံခြုံမှုတို့ကို အဓိကအချက်များအဖြစ်
စဉ်းစားမည်ဖြစ်ကြောင်းလည်း စစ်တမ်းတွင် ဖြေဆိုသူများက ပြောကြားခဲ့ကြသည်။

PropertyGuru သည် စင်္ကာပူ၊ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့မှ နိုင်ငံသား ၃,၁၀၀ ကို မေးမြန်းစစ်တမ်းကောက်ယူ၍ ၎င်းစစ်တမ်းကို ဆန်းစစ်လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service