ဆောက်လုပ်ရေးဝန် ကြီးဌာနက နောက်ပိုင်း တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ကျပ်သိန်း ၇၀ ၀န်းကျင်ဖြင့် ရောင်းချနိုင်ရန် ဒီဇိုင်းရေးဆွဲနေဆဲအဆင့်သာရှိသေးကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးကပြောသည်။
ယခုဘဏ္ဍာနှစ်တွင် တည် ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများတွင် ပါဝင်လာဦး မည်မဟုတ်ဘဲ ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် ပညာရှင်များနှင့်တိုင်ပင်၍ ဒီဇိုင်း ရေးဆွဲဆဲအဆင့်သာ ရှိသေး ကြောင်း ၎င်းက ပြောသည်။
အစိုးရသစ်လက်ထက်ဒုတိ ယအသုတ်ရောင်းချမည့် တန်ဖိုး နည်းအိမ်ရာများတွင် ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြားရောင်းချမည့် အခန်းများသာ ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
သိန်း ၁၀၀အောက်ဖြင့်တည်ဆောက်ရောင်းချနိုင်ရန် အစိုးရအနေဖြင့် အကြိမ်ကြိမ်ကြိုးစားနေပြီး နည်းလမ်းပေါင်းများစွာကိုရှာဖွေနေကြောင်း ဆောက်လုပ်ရေးဝန်ကြိးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မီဒီယာများနှင့်တွေ့ဆုံစဉ် မကြာခဏပြောကြားလေ့ရှိသည်။
‘‘မြေတန်ဖိုးကြောင့် ကျပ် သိန်း ၁၀၀ အောက်ကို ဆောက်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေမှာ လည်း အခက်အခဲရှိတယ်။ ပြီးစ လွယ်လည်း ဆောက်လို့မရဘူး။ ခိုင်ခံ့ပြီးကောင်းမွန်တဲ့ အိမ်ရာ တွေဖြစ်အောင်ဆောက်ပေးရမှာ။ ဒါကြောင့် လုပ်ငန်းရှင်တွေက အ စိုးရဆီက မြေပံ့ပိုးပေးမယ်ဆိုရင် တော့ ဆောက်ပေးနိုင်အောင်ကြိုး စားဖို့ အသင့်ပဲ’’ ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင် ဦးမြင့်ထွေးက ပြောသည်။
အခြားအခြေခံအဆောက် အအုံများဖြစ်သည့် ပန်းခြံ၊ ကစား ကွင်းနှင့် ကားမှတ်တိုင်များပါ တန်ဖိုးနည်း အိမ်ရာများတွင် ထည့်သွင်းတည်ဆောက်ရမည် ဖြစ်သောကြောင့် လုပ်ငန်းရှင်များ ဘက်တွင် အခက်အခဲဖြစ်ပေါ်နေ ရခြင်းဖြစ်ကြောင်း ဦးမြင့်ထွေးက ပြောသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com