ကမ္ဘာ့ဈေးနဲ့အတူ ပြည်တွင်းရွှေဈေးလိုက်ပါကျဆင်းလာနေ
တယ်လို့ ရွှေဘုံသာလမ်းအခြေစိုက် ရွှေဆိုင်လုပ်ငန်းရှင်တွေ
ထံကသိရပါတယ်။
ပြီးခဲ့တဲ့လဆန်းပိုင်းနဲ့ယှဉ်ရင် ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၂၀ ဝန်းကျင်အထိကျဆင်းခဲ့တာကြောင့် အခုရက်ရဲ့ပြည် တွင်း
ရွှေဈေးက ကျပ် ၉ သိန်း ၄ သောင်းဝန်းကျင်သာရှိခဲ့တာ
လည်းဖြစ်ပါတယ်။
တိတ်စိန်ရွှေလုပ်ငန်းရှင်ဦးဇော်အောင်က “ ကမ္ဘာ့ဈေးက
အတော်လေးကျလာပြီး ဒီရက်ဆိုတစ်အောင်စကို ဒေါ်လာ ၁၃၂၉ လောက်အထိကိုဆင်းသွားပြီဆိုတော့ ပြည်တွင်းဈေး
လည်းလိုက်ဆင်းလာတာပါ” လို့ပြောဆိုပါ တယ်။
ပြီးခဲ့တဲ့လဆန်းပိုင်းက ကမ္ဘာ့ရွှေဈေးကတစ်အောင်စကို ၁၃၄၈ ဒေါ်လာအထိဈေးပေါက်ခဲ့ပြီး ပြည်တွင်းရွှေဈေး ကလည်း တစ်ကျပ်သားကို ၉ သိန်း ၅ သောင်း
ကျော်အထိရှိခဲ့တာလည်းဖြစ်ပါတယ်။
ရွှေဈေးအတက်အကျကို ဆုံးဖြတ်ပေးတဲ့ အကြောင်း
အရင်းတွေထဲမှာ ကမ္ဘာ့ရွှေပေါက်ဈေးက ထိပ်ဆုံးမှာရှိနေပြီး ယင်းနောက်မှာ ပြည်တွင်းဒေါ်လာငွေလဲလှယ်နှုန်းကလည်း ဒီရက်ပိုင်းတွေမှာ အနည်းငယ်ကျဆင်းလာတာကို တွေ့ရပါ
တယ်။
အခုရက်ရဲ့ဒေါ်လာငွေလဲလှယ်နှုန်းက တစ်ဒေါ်လာကို
ကျပ် ၁၃၄၉ ဝန်းကျင်လောက်မှာရှိနေတယ်လို့လည်း
ငွေလဲလှယ်လုပ်ငန်းတွေနဲ့ ဘဏ်တွေထံကသိရပါတယ်။
Credit: SFJ Strategy First