ရန်ကုန်မြို့တွင် စီးပွား ရေး အချက်အချာနေရာနှင့် ရှေး ဟောင်း အဆောက်အအုံများ တည်ရှိရာနေရာများကို ပြသမည့် တည်နေရာပြ မြေပုံဆိုင်းဘုတ် များကို ရန်ကုန်မြို့တွင်း ၁၄ နေရာတွင် အောက်တိုဘာအတွင်း အပြီးသတ် စိုက်ထူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးက ပြောသည်။
ရန်ကုန်မြို့တော်ခန်းမရှေ့ တွင် စက်တင်ဘာ ၂၅ ရက်က ရန် ကုန်မြို့၏ ပထမဆုံး ဧရိယာပြ မြေပုံကို စတင်ဖွင့်လှစ်ပြီးနောက် ကျန် ၁၄ နေရာကို အောက်တို ဘာတွင် စိုက်ထူမည်ဟု မြို့တော် ဝန်က ပြောကြားသည်။
ပထမဆုံးဆိုင်းဘုတ် စိုက်ထူသော မြို့တော်ခန်းမဝန်းကျင် ကို ခေတ်မီအဆောက်အအုံများ နှင့် ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံများ ယှဉ်တွဲ တည်ရှိ၍ ရန်ကုန်မြို့၏ နှလုံးသားအဖြစ် မှတ်ယူနိုင်ကြောင်း အဆိုပါ နေရာပြမြေပုံတွင် ရေး သားထားသည်။
‘‘ပြည်တွင်း၊ ပြည်ပက လိုအပ်တဲ့ ခရီးသွားတွေအတွက် လမ်းညွှန်တွေက လိုလာပြီ။ မြို့လယ်မှာရှိတဲ့ စီးပွားရေးအချက်အချာ ဧရိယာတွေ၊ ရှေးဟောင်းအဆောက်အအုံတွေ တည်ရှိရာနေရာတွေကိုသိဖို့ အခုလို ဧရိယာပြ မြေပုံဆိုင်းဘုတ်တွေကို စိုက်ထူရတာပါ’’ဟု ရန်ကုန်မြို့တော်ဝန်ကပြောသည်။
မြန်မာ-အင်္ဂလိပ် နှစ်ဘာ သာဖြင့် ဖော်ပြထားသော အဆိုပါတည်နေရာပြမြေပုံ ဆိုင်းဘုတ် များ စိုက်ထူခြင်းကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မ တီ၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ၊ ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။
အနာဂတ်တွင် ရန်ကုန်မြို့ နေ ပြည်သူများအနေဖြင့် စီးပွား ရေး အချက်အချာနေရာများနှင့် သမိုင်းဝင်ရှေးဟောင်းအဆောက် အအုံများ ထိန်းသိမ်းလိုသော ဆန္ဒများ ပေါ်ပေါက်လာစေရန် သမိုင်း ဝင် အဆောက်အအုံများ၏ အ ချက်အလက်များ ထည့်သွင်းကာ ဆိုင်းဘုတ် စိုက်ထူရခြင်းဖြစ် ကြောင်း (YHT) မှ တာဝန်ရှိသူတစ် ဦးကဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ သမိုင်းဝင်ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းခြင်းအဖြစ် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)ကလည်း အပြာရောင်ကမ္ပည်းပြားများ တပ်ဆင် နေသည်။
လက်ရှိတွင် အပြာရောင် ကမ္ပည်းပြား ၁၇ ခု တပ်ဆင်ကာ စုစုပေါင်းကမ္ပည်းပြား ၁၀၀ ကျော်ကို ရှေးဟောင်းအဆောက်အအုံနှင့် သမိုင်းဝင်နယ်မြေများတွင် ထပ်မံတပ်ဆင်ရန် YHT က ရည် ရွယ်ထားသည်။
Credit: 7Daydaily