မြန်မာ့စီးပွားရေးဘဏ်ကတစ်ဆင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ချေးငွေထုတ်ချေးပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ချေးငွေထုတ်ချေးသွားမှာဖြစ်ကြောင်း Myanmar Builders Guide က သိရပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက UMFCCI မှာ ပြုလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒုတိယသမ္မတ တွေ့ဆုံပွဲမှာ အခုလိုချေးငွေတွေ ထုတ်ချေးရန်စီစဉ်ရခြင်းမှာ လတ်တလောဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ငန်းရှင်တွေအနေနဲ့ ငွေကြေးအခက်အခဲတွေရှိနေပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ နှေးကွေးနေခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ချေးငွေအတွက် အတိုးပေးရမှာ မဟုတ်ကြောင်း၊ ချေးငွေရယူတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကိုအတိုးနှုန်းအ ဖြစ် တစ်နှစ်ကို ကျပ် ၁၀ဝ ကို ဝ့၁ ရာ ခိုင်နှုန်း (ကျပ် ၁၀ဝ ကို ၁၀ ပြား၊ ကျပ် တစ်သိန်းကို ကျပ် ၁၀ဝ နှုန်း) ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်ဖွံ့ဖြိုးလာစေဖို့ ကျပ်ဘီလျံနဲ့ချီပြီး ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်းနဲ့ အဲသည် ချေးငွေတွေကို ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး ချေးငွေ ထုတ်ချေး ဖို့ သင့်တော်တဲ့ လုပ်ငန်းရှင်တွေကို ချေးငွေ ထုတ်ချေးသွားမှာဖြစ်ပါတယ်။ ယခုလို ဆောင်ရွက်ရခြင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်လည်ရှင်သန်လာနိုင်စေဖို့အတွက်ဖြစ်ကြောင်း သိရပါတယ်။
Credit: The Kumudra