ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိဒဂုံလေးမြို့နယ်အနက်မှ မြောက်ဒဂုံမြို့နယ်အတွင်းရှိ လမ်းမတန်းဆိုင်ခန်းမြေနေရာများမှာအငှား ဈေးကွက်ပုံမှန်ဖြစ်ထွန်းနေကာလူနေအငှားဈေးကွက်မှာ ၀ါကျွတ်ကာလကိုမျှော်နေရကြောင်းအခြေစိုက်အကျိုးဆောင်များထံမှ သိရသည်။
""အငှားကတော့ သွက်တယ်။ဒါပေမယ့် လမ်းမပေါ်က ဆိုင်ခန်းတွေ ၊ မြေနေရာတွေကတော့ ဈေးနှုန်းအရကျသွားတယ်။တချို့နေရာတွေဆို အရင်က သိန်း ၃၀ လောက်ထိပေါက်နေရာကနေ အခု သိန်း ၂၀ လောက်ထိ ဈေးကျတာတွေလည်းရှိတယ်။လူနေဖို့ ငှားတာကတော့ ထုံးစံအတိုင်း ၀ါတွင်းဆို သိပ်မဖြစ်သေးဘူးပေါ့။ သီတင်းကျွတ်ကိုပဲမျှော်နေရတာပါပဲ။ပုံမှန်အငှားဖြစ်တာတွေကတော့ နိုင်ငံခြားသားတွေငှားတဲ့ နေထိုင်ရန်အသင့် လု့းချင်းတွေ ပင်လုံဘက်မှာ ဖြစ်တယ်။""ဟု မြောက်ဒဂုံအခြေစိုက် ဒဂုံလေးမြို့နယ်အတွင်း အိမ် ခြံ မြေ အကျိုးဆေင်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးမှ ဆိုသည်။
ယင်းကဲ့သို့လုံးခြင်းများအား နေထိုင်ရန်အတွက်လာရောက်ငှားရမ်းမှုများတွင်မူ ဈေးနှုန်ကျဆင်းမှုမရှိကြောင်းလည်း ၊ ဆယ်သိန်း မှ ဆယ့်ငါးသိန်းဝန်းကျင်ကြား ပုံမှန်ငှားရမ်းမှုများရှိနေကြောင်းလည်း သိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းအတွင်းရှိ အိမ် ခြံ မြေ အရောင်းဈေးကွက်သည်လည်း အတန်ငယ်အလုပ်ဖြစ်လျက်ရှိကြောင်းသိရသည်။
""အရောင်းလည်းဖြစ်တာပါပဲ။အောက်ဈေးတွေဖြစ်တာပေါ့။နေမယ့်သူတွေဘာဝယ်တာများတယ်။သိန်းတစ်ထောင်အောက်အကွက်တွေဖြစ်တယ်။ခြောက်ရာ လောက်ကနေ တစ်ချိ့ဆို တစ်ထောင့်နှစ်ရာလောက်ထိ ဖြစ်ပါတယ်""ဟု မြန်မာနိုင်ငံအိမ်ခြံ မြေ၀န်ဆောင်မှုအသင်းမှ ဒဂုံအခြေစိုက် အကျိုးဆောင်တစ်ဦးမှ ပြောဆိုသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com