အမေရိကန်တွင် အိပ်ခန်းပေါင်း ၅၀ နှင့် အခန်းပေါင်း ၁၁၀ ပါဝင်သည့် စံအိမ်ကြီး ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချမည်

အမေရိကန်တွင် အိပ်ခန်းပေါင်း ၅၀ နှင့် အခန်းပေါင်း ၁၁၀ ပါဝင်သည့် စံအိမ်ကြီး ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
25 Sep 2017 11:43 am တွင် တင်ခဲ့သည်
2606 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ဖီလာဒဲလ်ဖီးယားပြည်နယ်တွင်
အခန်းပေါင်း ၁၁၀ ပါဝင်သည့် စံအိမ်ကြီးကို ကန်ဒေါ်လာ တစ်သန်းဈေးလျှော့ကာ ၁၆ ဒသမ ၅ သန်းဖြင့် ရောင်းချမည်ဖြစ်သည်။

နာမည်ကျော် အမေရိကန်ဗိသုကာပညာရှင် ဟိုးရေ့ စ် ထရမ်းဘောအာက ဒီဇိုင်းရေးဆွဲပေးခဲ့သည့် လင်းဝုဒ်ဟောလ်စံအိမ်ကြီး၏ ခြံဝန်းအကျယ်မှာ ၃၃ ဒသမ ၈၅ ဧက ကျယ်ဝန်းသည်။

နီယိုးကလပ်စစ်ကယ်ဗိသုကာဟန်ဖြင့် ၁၈၉၇ ခုနှစ်မှ ၁၉၀၀ ပြည့်နှစ်အကြားတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်သူဌေးကြီး
ပီ-အေ-ဘီ ဝီဒန်နာအတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အခန်းပေါင်း ၁၁၀ အနက် ၅၅ ခန်းမှာ အိပ်ခန်းများ ဖြစ်ကြသည်။
၂၀၁၄ ခုနှစ်တွင် အရောင်းဈေးကွက်သို့ ရောက်ရှိခဲ့ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ သန်း ၂၀ ဖြစ်သည်။

နှစ်အတန်ကြာရောင်းမထွက်ဘဲရှိခဲ့ပြီးနောက် ပြီးခဲ့သော မေလတွင် ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းသို့ ဈေးလျှော့ကာ ရောင်းချပြန်သည်။
သို့တိုင်ရောင်းမထွက်သေးသောကြောင့် ၄ လအကြာ၊ ယခုအခါတွင် ကန်ဒေါ်လာ တစ်သန်းထပ်မံဈေးလျှော့ပေးကာ ဈေးကွက်တင်လာခြင်း ဖြစ်သည်။

“ဈေးနှုန်းကို ကျွန်တော်တို့ ပြန်ချိန်ပေးရတဲ့အကြောင်းကတော့ ဝယ်လက်တွေ ကမ်းလှမ်းလာတဲ့ဈေးက ရောင်းလက် မျှော်လင့်ထားတာနဲ့ တော်တော်လေး ဟနေလို့ပါ” ဟု ဈေးကွက်တင်သူ ဘက်ခ်ရှိုင်းယား ဟာသာဝေးအကျိုးဆောင်ကုမဏီက ဆိုသည်။

ဝီဒန်နာသည် တန်ဖိုးကြီး အနုပညာလက်ရာများ စုဆောင်းလေ့ရှိသူတစ်ဦးဖြစ်ရာ စံအိမ်ကြီးအတွင်းတွင် အနုပညာပြခန်းတစ်ခုလည်း ပါဝင်သည်။လူပေါင်း ၁၀၀၀ ဆန့် ballroom ၊ ရေကူးကန်တစ်ခု၊ ဝိုင်သိုလှောင်ခန်းများ၊ ခြံဝန်းအတွင်းတွင် တောင်ယာစိုက်ခင်းတစ်ခုတို့အပြင် လျှပ်စစ်ဓာတ်အားပေးစက်ရုံငယ်တစ်ခုပင် ပါဝင်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်တွင် အိပ်ခန်းပေါင်း ၅၀ နှင့် အခန်းပေါင်း ၁၁၀ ပါဝင်သည့် စံအိမ်ကြီး ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် အိပ်ခန်းပေါင်း ၅၀ နှင့် အခန်းပေါင်း ၁၁၀ ပါဝင်သည့် စံအိမ်ကြီး ဒေါ်လာတစ်သန်းဈေးလျှော့ကာ ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service