ကမ္ဘာ့အံ့ဖွယ်များတွင် အပါအဝင်ဖြစ်သည့် အီဂျစ်နိုင်ငံ၊ နိုင်းမြစ်ဝှမ်းမှ တူတန်ခမန်ဘုရင်ကြီး၏ ဂူသင်္ချိုင်းရှိ အဝင်တံခါးများကို ရေဒါဖြင့် အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ရာ လျှို့ ဝှက်တံခါးများ တွေ့ရှိခဲ့ပြီး ဘုရင်မကြီး နီဖာတီတီ၏ ဂူသင်္ချိုင်းဖြစ်ဖွယ်ရှိကြောင်း သုံးသပ်ကြသည်။
ကမ္ဘာလှည့်ခရီးသည်တို့ကို ညနေ ၅ နာရီခန့်တွင် ဝင်ခွင့်ပိတ်လိုက်ပြီး သုတေသနပညာရှင်တို့က ဘုရင်ကြီး၏ ဂူသင်္ချိုင်းကို စတင်လေ့လာခဲ့ကြခြင်းဖြစ်သည်။
အမြင့်မှတ် ၅ နေရာခွဲကာ ရေဒါ၂ မျိုးကို ၄၀၀ နှင့် ၉၀၀ မဂ္ဂါဟာ့ဇ်တို့ထားကာ စစ်ဆေးခဲ့ကြရာတွင် လျှို့ ဝှက်အခန်းများ ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
ဒေါက်တာနီကိုလပ်စ်ရိဗ်စ်က ပြောကြားရာတွင်မိမိတို့စစ်ဆေးခဲ့ကြသည့်အနက် တစ်နေရာမှာ လျှို့ ဝှက်ဝင်ပေါက် ဖြစ်နိုင်ကြောင်း ပြောကြားသည်။
အခန်းကို ဖွဲ့စည်းထားသည့် ဒီဇိုင်းဟန်ပန်အရ အမျိုးသမီးတစ်ဦးအတွက် ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာရိဗ်က ခန့်မှန်းသည်။
ယင်းနေရာမှာ ဘုရင်မကြီး နီဖာတီတီ၏ ဂူသချိုင်းသို့ ဝင်ပေါက်ဖြစ်နိုင်ကြောင်း ၊ ဘုရင်မကြီး နီဖာတီတီမှာ တူတန်ခမန်ဘုရင်ကြီး၏ မယ်တော်ဖြစ်ကြောင်းလည်း ဒေါက်တာရိဗ်က ပြောကြားသည်။
ရေဒါဖြင့် ပုံဖော်ရာတွင် အခန်း ၂ ခန်းတွေ့ရရာ area 1 နှင့် area 2 ဟု အမည်ပေးထားသည်။
area 1 တွင် သတ္တုများနှင့် အော်ဂဲနစ်ပစ္စည်းများရှိမည်ဟု ခန့်မှန်းထားပြီး area 2 တွင် အော်ဂဲနစ်ပစ္စည်းများသီးသန့်တွေ့ရမည်ဟု ခန့်မှန်းထားသည်။
အဆိုပါ ၂ ခန်းလုံးကို ဖွင့်လှစ်ကြည့်ရှုရသေးခြင်းမရှိသောကြောင့် မည်သို့သော အော်ဂဲနစ်ပစ္စည်းများတွေ့ရမည်ကိုမူ မခန့်မှန်းနိုင်သေးချေ။
တူတန်ခမန်ဘုရင်၏ ဂူသင်္ချိုင်းမှာ ပြင်ပမှ ပလပ်စတာကိုင်ထားခြင်းကြောင်း အခြားလျှို့ဝှက်ဝင်ပေါက်များ ပျောက်ကွယ်နေခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)