ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် မှ Crystal Residence နှင့်Hill Top ကွန်ဒိုမီနီယံတို့ကို ၅နှစ်မှ ၁၅နှစ် အထိ ငွေပေးချေစနစ်ဖြင့် အရစ်ကျရောင်းချပေးလျှက်ရှိ ကြောင်း သတင်းရရှိသည်။
ရွှေတောင် ကုမ္ပဏီ၏ ၂၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၄င်း၏
အခန်းများကို ရောင်းချပေးနေခြင်းဖြစ်သည်။
Crystal Residenceနှင့်Towerသည် ရန်ကုန်မြို့ ကျွန်းတောလမ်းပေါ်ရှိ Junction square နှင့်ကပ်လျက်တွင်တည်ရှိပြီး မကြာမှီက တည်ဆောက်ပြီးစီးသွားသောစီမံကိန်းလည်ဖြစ်သည်။
HilltopVistaကွန်ဒိုမီနီယံသည်လည်းရန်ကုန်မြို့မင်းရဲကျော်စွာလမ်းတွင်တည်ရှိသော အဆင့်မြင့်လူနေကွန်ဒိုမီနီယံ စီမံကိန်းလည်းဖြစ်သည်။
အထက်ပါစီမံကိန်းနှစ်ခုလုံးတွင် လူနေအိမ်၊ရုံးခန်းများ အဓိကပါဝင်မည်ဖြစ်ပြီး ၅နှစ်မှ ၁၅နှစ် အထိ သက်ဆိုင်ရာ ဘဏ်များနှင့် ချိတ်ဆက်ကာ အရစ်ကျ ၀ယ်ယူ နိုင်မည်ဖြစ်ကြောင်းရွေတောင်ကုမ္ပဏီကသတင်းထုတ်ပြန်သည်။
ရွှေတောင်ကုမ္ပဏီသည် ၄င်း၏ အိမ်ရာ အရောင်းပြပွဲကို ရန်ကုန်မြို့ကျွန်းတောလမ်းပေါ်ရှိ ဂျန်းရှင်းစကွဲ တွင် စက်တင်ဘာ၂၂ရက်မှ ၂၄ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။
ဝယ်ယူသူများကို lucky Draw အစီအစဉ်ဖြင့် ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာမှအခန်းတစ်ခန်းအားမဲဖောက်ပေး
မည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com