ရခိုင် ပြည်နယ်ရှိ မြို့မဈေးကြီးငါးခုကို လေးထပ်အဆောက်အအုံများ အဖြစ်အဆင့်မြှင့်တင်သွားမည်ဖြစ် ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။
အဆင့်တိုးမြှင့်မည့်ဈေးကြီး များမှာ စစ်တွေ၊ ကျောက်တော်၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် ဂွမြို့များမှ ဖြစ်ကြပြီး ယင်းသို့အဆင့်မြှင့်တင် နိုင်ရန်အတွက် လုပ်ငန်းရှင်များအား တင်ဒါစတင်ခေါ်ယူနေပြီဖြစ်ကာ တင်ဒါလျှောက်လွှာများကို အောက်တိုဘာ ၁၆ ရက်နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။
""လက်ရှိဈေးတွေက ကျပ်လာ တယ်လေ။ ဟောင်းလည်းဟောင်း နေပြီ။ ဒါကြောင့် အခုလိုအဆင့်မြှင့် တင်ဖို့စီစဉ်ရတာဖြစ်တယ်""ဟု ရခိုင် ပြည်နယ်စည်ပင်သာယာရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
""ဈေးပြီးသွားလို့ရှိရင် လက်ရှိ ရောင်းချနေတဲ့ ဈေးဆိုင်ခန်းတွေကို ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတာ သိချင်တယ်။ အခုတော့ အသေးစိတ် ကို ချပြတာမရှိသေးတော့ကျွန်တော် တို့လည်း မသိရသေးဘူး""ဟု စစ်တွေ မြို့မဈေးကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်ကပြောသည်။ဈေးများ အဆင့်မြှင့်တင်ရာတွင် ဈေးတစ်ခုအတွက် ကုန်ကျနိုင်မည် ငွေပမာဏနှင့်အချိန်မည်မျှကြာမြင့် မည့်ဆိုသည်ကို တွက်ချက်နေဆဲသာ ရှိသေးသည့်အတွက် အသေးစိတ် မသိရကြောင်း သိရသည်။
Credit: Democracytoday