မန္တလေး အိမ်ခြံမြေအငှားဈေးကွက် ခေါ်ဈေးကောင်းပြီး အငှားသွက်နေ

မန္တလေး အိမ်ခြံမြေအငှားဈေးကွက် ခေါ်ဈေးကောင်းပြီး အငှားသွက်နေ - Property News in Myanmar from iMyanmarHouse.com
21 Sep 2017 12:33 pm တွင် တင်ခဲ့သည်
1092 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ရဲ့ အိမ်ခြံမြေအငှားဈေးကွက်ဟာ လတ်တလောမှာ
ဝါကျွတ်ကာလ နီးကပ်လာတာနဲ့အမျှ အငှားသွက်နေပြီး ခေါ်ဈေးတွေကောင်းနေကြောင်း မြို့ခံအကျိုးဆောင်တချို့က
ပြောပါတယ်။

လက်ရှိအနေအထားမှာ မြို့တွင်းမြို့ပြင်အိမ်ခြံမြေ ခေါ်ဈေးနှုန်းထားတွေဟာ အကွက်အကွင်းနဲ့ နေရာကောင်းရင် ကောင်းသလိုငှားရမ်းသူစိတ်ကြိုက် ဈေးဆွဲခေါ်ယူနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ မြို့တွင်းမှာအဓိက မိန်းလမ်းပေါ်မတင်ဘဲ လမ်းသွယ်တွေထဲမှာတောင် အောက်ထစ်တစ်လ
ကို ကျပ်ခြောက်သိန်းပတ်ချာလည် ခေါ်ဈေးရှိနေပြီး လုပ်ငန်းလုပ်လို့မရနိုင်ဘဲ နေထိုင်လို့ဖြစ်ရုံအနေအထားပဲ ရနိုင်ပါလိမ့်မယ်။

ဝါကျွတ်ကာလနီးကပ်လာတဲ့ ထုံးစံအတိုင်းပဲ အငှားဈေးကွက်က သွက်လာပြီးငှားရမ်းလိုသူတွေအနေနဲ့ ကိုယ်နဲ့သင့်တော်တဲ့ဈေးနှုန်းတန်း၊ အိမ်အနေအထားနဲ့အကွက်အကွင်းမျိုးကိုတွေ့ရင် လက်မနှေးဖို့လိုအပ်တယ်လို့ အိမ်မြေအကျိုးဆောင်တချို့က ပြောပါတယ်။ မြို့တွင်းအငှားအတွက်ငွေပမာဏကို တစ်လကို ကျပ်ငါးသိန်းလောက်သာသုံးမယ်ဆိုရင် အဲဒီဈေးနှုန်းတန်းနဲ့
ရှာဖွေဖို့ဆိုတာဟာ တော်တော်ခက်ခဲနိုင်ပါတယ်။

မြို့တွင်းမှာ အဓိကကျတဲ့ လမ်းမတစ်ခုခုပေါ် တင်တာမျိုးဆိုရင် အဆောက်အအုံကောင်းမွန်မှုနဲ့ ကျယ်ဝန်းမှုအပေါ် မူတည်ပြီး တစ်လကို
ပျမ်းမျှ ကျပ်သိန်း ၂ဝ ကနေ ကျပ်သိန်း ၅ဝ အထိဈေးခေါ်နေကြတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် လုပ်ငန်းလုပ်ကိုင်လိုသူတွေအနေနဲ့ ဒီပမာဏကို သုံးပြီးငှားရမ်းတာတွေ ရှိနေတာကြောင့် အမြင့်တန်းပေါက်ဈေးတွေဟာ ဆက်လက်ခိုင်မာနေဦးမှာပါ။

အိမ်မြေအရောင်းအဝယ်ဈေးကွက်က ပြောပလောက်အောင် သွက်လက်ခြင်းမရှိသေးပေမဲ့ အိမ်အငှားဈေးနှုန်းတွေက တန့်နေခြင်းမရှိဘဲ တစ်နှစ်တစ်ဈေး ဖြစ်နေတာကြောင့် ငှားရမ်းလိုသူတွေအနေနဲ့ နှစ်ရှည်ငှားရမ်းဖို့အတွက် ကြိုးပမ်းကြရကြောင်း အကျိုးဆောင်တချို့
က ပြောပါတယ်။ ငှားရမ်းမှုက ဈေးကွက်တောင်းဆိုမှု မပြတ်ရှိနေတာကြောင့် နှစ်ရှည်ငှားရမ်းတဲ့အခါ ဈေးနှုန်းကိုပထမနှစ်အတိုင်း တစ်ပြေးတည်းရရင် ကံကောင်းတယ်လို့ ဆိုကြရမှာပါ။ ဒါပေမဲ့အများစုကတော့ ပထမနှစ်ရဲ့ ငှားရမ်းခနှုန်းထားအပေါ်မှာ ရာခိုင်နှုန်းအလိုက်တိုးပြီး နောက်နှစ်တွေအတွက် ဈေးနှုန်းသတ်မှတ်ကြတာ များပြားပါတယ်။

အိမ်ငှားဈေးနှုန်းတွေက မြို့သစ်မှာဆိုရင်ပဲ သာမန်သွပ်မိုး၊ ထရံကာအနေအထားကိုတစ်လကို ကျပ် ၅ဝ,ဝဝဝ လောက်ရှိနေပြီး အိမ်အနေအထားက သပ်သပ်ရပ်ရပ်ဆိုရင် ကျပ်တစ်သိန်းလောက်ပေးရဖို့ ရှိနေပါတယ်။ တစ်နှစ်ပြီးရင် တစ်နှစ် ငှားရမ်းနေထိုင်ဖို့ အိမ်ရှာရတဲ့ ဒုက္ခ၊ အိမ်ငှားဈေးနှုန်းတွေ တရိပ်ရိပ်တက်လာတဲ့ အနေအထားတွေကြောင့် ကိုယ်တတ်နိုင်တဲ့အနေအထားနဲ့မြေကို အပိုင်ဝယ်ယူဖို့ အားထုတ်လာကြရာမှာကျပ်သိန်း ရာဂဏန်းရှိတဲ့ အိမ်မြေတွေက ဈေးနှုန်းအမြင့်တန်းအိမ်မြေတွေထက် အရောင်းအဝယ်ပိုလိုက်လာတာ ဖြစ်ပါတယ်။အငှားဈေးတွေမြင့်ပြီး ဈေးကွက်တောင်းဆိုမှု မပြတ်ရှိတာကြောင့် မြို့တွင်း အိမ်ခြံမြေတွေအနေနဲ့ အရောင်းအဝယ် မသွက်ပေမဲ့ဈေးကွက်ကို သိပ်မှုစရာမလိုဘူးလို့ အကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service