ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး

ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
21 Sep 2017 12:00 pm တွင် တင်ခဲ့သည်
2958 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏ နံပါတ်တစ်လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက် ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ၊ ၁၆ ၊ ၁၇ ရက်နေ့များတွင် ရန်ကုန်မြို့  ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် “မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး” (ဆဋ္ဌမအကြိမ်မြောက်) ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတွင် ဆောက်လုပ်ရေး ကုမ္ပဏီ (၅၀) ကျော်မှ ရန်ကုန် ၊ ပုသိမ် နှင့် တောင်ကြီး မြို့  များရှိ ဆောက်လုပ်ဆဲ ၊ ဆောက်လုပ်ပြီး ဖြစ်သော တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်းနှင့် မြေကွက် များကို အထူး လျှော့ဈေးနှုန်းများ ၊ (၁) နှစ်မှ (၁၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ပါဝင်ပြသ ရောင်းချခဲ့ရာ ပွဲသို့လာရောက်လေ့လာသူ လွန်စွာများပြားခဲ့ပြီး ကျပ်ငွေ (၁၇.၃) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၂.၈ သန်းကျော်) တန်ဖိုးရှိသော တိုက်ခန်းနှင့် ကွန်ဒိုများကို ပြပွဲ (၃) ရက်အတွင်း ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

“iMyanmarHouse.com ကနေ ရန်ကုန်မှာ ကျင်းပပြုလုပ်တဲ့ (၆) ကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီးပါ။ အရင် ၅ ကြိမ်ထက် လူအစည်ဆုံး ၊ အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ မန္တလေးမြို့ မှာ (၁) ကြိမ်၊ တောင်ကြီးမြို့ မှာ (၁) ကြိမ်နဲ့ စင်္ကာပူနိုင်ငံမှာ (၄) ကြိမ် ကျင်းပပြုလုပ်ပြီးပါပြီ။ အခုပြပွဲအတွင်းမှာ တန်ဖိုးနည်း ၊ တန်ဖိုးသင့် တိုက်ခန်းတွေမှ စပြီး ကျပ်သိန်း (၅၀၀) ဝန်းကျင် မီနီကွန်ဒိုတွေ ၊ သိန်း (၁၀၀၀) ဝန်းကျင် လုံးချင်းအိမ် တွေ နဲ့  နိုင်ငံတကာ အဆင့်မီ ဆောက်လုပ်ပြီး ကွန်ဒိုအခန်းတွေ စသဖြင့် အမျိုးအစား စုံလင်စွာ ပါဝင်တဲ့အပြင် YOMA Bank ကနေ အိမ်ရာချေးငွေကို ပြပွဲအတွင်း ချက်ချင်းလျှောက်ထားနိုင်ရန် စီစဉ်ထားရှိပေးခဲ့ပါတယ်။ အထူး Discount များ ၊ အရစ်ကျငွေချေစနစ်များဖြင့် ရောင်းချပေးခဲ့တာကြောင့် အိမ်ဝယ်ယူသူများအတွက် အလွန်တရာ အဆင်ပြေခဲ့ပါတယ်” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။

ပြပွဲသုံးရက်အတွင်း အသိပညာရှင် အတတ်ပညာရှင် (၁၅) ဦးတို့မှ အိမ်ခြံမြေ နှင့် ပတ်သတ်၍ အသိပညာ ဗဟုသုတများကို ဆွေးနွေး ဟောပြောပေးသွားခဲ့သည်။ “ မကြာမီ အတည်ပြုတော့မည့် ကွန်ဒိုဥပဒေကို ကြိုဆိုပါတယ်။ တိုက်ခန်းဥပဒေကိုလည်း စောင့်မျှော်နေပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရဲ့  မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဦးတည်ချက်တိုင်း အရှိန်အဟုန်အပြည့်နဲ့ လုပ်ဆောင်နေပါတယ်။ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးလတ်ကနေ အဆင့်မြင့်ကွန်ဒိုတွေအထိ ပြည်သူတွေ အများအပြားပိုင်ဆိုင်နိုင်အောင်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ရော၊ အစိုးရနဲ့ပါ ပူးပေါင်းပြီး ဝန်ဆောင်မှုတွေပေးသွားနိုင်အောင် ကြိုးစားနေပါတယ်” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

ပြပွဲ (၃) ရက်အတွင်း ရောင်းအားအကောင်းဆုံး ကုမ္ပဏီ (၇) ခုကို ရွေးချယ်ချီးမြှင့်ခဲ့ရာ Shwe Paing Htike ၊ River Front Garden & Kanbae Towers ၊ Sun Myat Tun ၊ Chan Tha Shwe Myay ၊ May Inya Condominium ၊ Yone Min Development နှင့် Golden City Condominium တို့မှ အသီးသီး ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

ပြပွဲသို့လာရောက်လေ့လာဝယ်ယူသူ ဧည့်သည်တော်များအတွက် Panasonic 32” TV ၊ Samsung Tablet ၊ Huawei Handset များနှင့် အခြားကျပ်သိန်း ၅၀ တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းများအား ပျော်ရွင်စွာ ကံစမ်းမဲဖောက်ပေးသွားကြောင်းလည်း သတင်းရရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၇.၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည့် iMyanmarHouse.com ၏ ဆဋ္ဌမအကြိမ်မြောက် အိမ်ခြံမြေအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service