ပေါင်သန်း ၂၃၀ ဆုကြေးရခဲ့သူ မေဝဲသာ လာ့စ်ဗီးဂပ်စ်တွင် နေအိမ်ဝယ်ယူပြီး တစ်လမပြည့်မီ ဘီဗာလီဟေးလ်တွင် ထပ်မံဝယ်ယူလိုက်ပြန်

ပေါင်သန်း ၂၃၀ ဆုကြေးရခဲ့သူ မေဝဲသာ လာ့စ်ဗီးဂပ်စ်တွင် နေအိမ်ဝယ်ယူပြီး တစ်လမပြည့်မီ ဘီဗာလီဟေးလ်တွင် ထပ်မံဝယ်ယူလိုက်ပြန် - Property News in Myanmar from iMyanmarHouse.com
21 Sep 2017 11:48 am တွင် တင်ခဲ့သည်
7742 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်လက်ဝှေ့သမား ဖလွိုက်မေဝဲသာသည် UFC ချန်ပီယံ မက်ဂရီဂေါနှင့် ထိုးသတ်ခဲ့သည့်ပွဲတွင် အောင်ပွဲခံကာ ပေါင်သန်း ၂၃၀ ဆုကြေးရခဲ့ပြီးနောက် ပြီးခဲ့သော သြဂုတ်လကုန်ပိုင်း၌ လာ့စ်ဗီးဂပ်စ်တွင် နေအိမ်တစ်လုံးဝယ်ယူလိုက်သည်မှာ မကြာသေးချေ။

ယခုအခါ လော့စ်အိန်ဂျလိမြို့၊ ကမ္ဘာကျော်များ စုဝေးရာ ဘီဗာလီဟေးလ်တွင် ကန်ဒေါ်လာ ၂၆ သန်းဖြင့် နေအိမ်တစ်လုံး ထပ်မံဝယ်ယူလိုက်ပြန်သည်။

ယခုဝယ်လိုက်သောနေအိမ်သည် မေဝဲသာ၏ ကျန်ဘဝသက်တမ်းတစ်လျှောက် ဖြတ်သန်းကုန်လွန်ကာ ခေါင်းချမည့်နေရာတစ်ခု ဖြစ်လာဖွယ်ရှိကြောင်း ဟောကိန်းများလည်း ထွက်ပေါ်နေသည်။

Beverly Hills ဟိုတယ်အနီးတွင် တည်ရှိပြီး နေအိမ်အကျယ်အဝန်း စတုရန်းပေ ၁၆၀၀ ခန့်ရှိကာ အိပ်ခန်း ၆ ခန်း ပါဝင်သည်။
မက်ဂရီဂေါကို အနိုင်ယူလိုက်သော ပြီးခဲ့သည့်ပွဲမှာ သူ၏ ပွဲ ၅၀ မြောက်လည်း ဖြစ်သည်။

၁၉၉၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ပြီး developer Nile Niami မှ မကြာသေးမီကပင် ပြန်လည်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်။
သစ်မာနှင့် စကျင်ကျောက်သား ကြမ်းခင်းများ၊ ပြင်သစ်တံခါးများ၊ မီးလင်းဖိုများစွာ၊ နံရံမြှုပ်စင်များ ပါဝင်ပြီး ဒုတိယထပ်သို့ တက်သော လှေကားကို ခရုပတ်အသွင် တည်ဆောက်ထားသည်။

ထို့အပြင် ကော့တေးဘား၊ ဝိုင်သိုလှောင်ခန်း၊ ကိုယ်ပိုင်လသာဆောင်ပါသည့် master bedroom၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ထိုင်ခုံ ၂၀ ပါ ရုပ်ရှင်ပြရုံပါဝင်သည့် ဧည့်ဂေဟာတစ်ခုတို့ ပါဝင်သည်။
ခြံဝန်းအကျယ်မှာ ဧကဝက်ရှိပြီး အိမ်နောက်ဘက်တွင် မြက်ခင်းကျယ်နှင့် ကြီးမားသော ရေကူးကန်တစ်ခုကို တွေ့ရသည်။

အဆိုပါနေအိမ်ကို မူလက အရောင်းဈေးကွက်တင်ခဲ့ရာတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသည့် ဇိမ်ခံကားများ၊ အနုပညာလက်ရာများနှင့်အတူ ဈေးကွက်တင်ခဲ့ခြင်း ဖြစ်ပြိး ကန်ဒေါ်လာ သန်း ၁၀၀ ဈေးခေါ်ခဲ့သည်။

နောက်ပိုင်းတွင်မူ ဈေးချကာ အရောင်းပြန်တင်လာခဲ့ပြီး ယင်းသို့ ဈေးကွက်ပြန်တင်ရာတွင်မူ မော်တော်ကားများနှင့် အနုပညာလက်ရာများ မပါဝင်တော့ချေ။

မေဝဲသာသည် ဖော့ဘ်မဂ္ဂဇင်းကြီးမှ ထုတ်ပြန်သော ဝင်ငွေအမြင့်မားဆုံးအားကစားသမားများစာရင်းတွင် ၃ ကြိမ်တိုင် ထိပ်ဆုံးနေရာတွင် ရပ်တည်ခဲ့သူလည်း ဖြစ်သည်။

အိမ်ခြံမြေမှတ်တမ်းများအရ မေဝဲသာသည် လာ့စ်ဗီးဂပ်တွင် သြဂုတ်လအတွင်းက ဝယ်ယူခဲ့သော နေအိမ်တစ်လုံး၊ ၂၀၀၅ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၃ သန်းဖြင့် ဝယ်ယူခဲ့သည့် နေအိမ်တစ်လုံး ပိုင်ဆိုင်ထားဆဲဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပေါင်သန်း ၂၃၀ ဆုကြေးရခဲ့သူ မေဝဲသာ လာ့စ်ဗီးဂပ်စ်တွင် နေအိမ်ဝယ်ယူပြီး တစ်လမပြည့်မီ ဘီဗာလီဟေးလ်တွင် ထပ်မံဝယ်ယူလိုက်ပြန် - Property News in Myanmar from iMyanmarHouse.com
ပေါင်သန်း ၂၃၀ ဆုကြေးရခဲ့သူ မေဝဲသာ လာ့စ်ဗီးဂပ်စ်တွင် နေအိမ်ဝယ်ယူပြီး တစ်လမပြည့်မီ ဘီဗာလီဟေးလ်တွင် ထပ်မံဝယ်ယူလိုက်ပြန် - Property News in Myanmar from iMyanmarHouse.com
ပေါင်သန်း ၂၃၀ ဆုကြေးရခဲ့သူ မေဝဲသာ လာ့စ်ဗီးဂပ်စ်တွင် နေအိမ်ဝယ်ယူပြီး တစ်လမပြည့်မီ ဘီဗာလီဟေးလ်တွင် ထပ်မံဝယ်ယူလိုက်ပြန် - Property News in Myanmar from iMyanmarHouse.com
ပေါင်သန်း ၂၃၀ ဆုကြေးရခဲ့သူ မေဝဲသာ လာ့စ်ဗီးဂပ်စ်တွင် နေအိမ်ဝယ်ယူပြီး တစ်လမပြည့်မီ ဘီဗာလီဟေးလ်တွင် ထပ်မံဝယ်ယူလိုက်ပြန် - Property News in Myanmar from iMyanmarHouse.com
ပေါင်သန်း ၂၃၀ ဆုကြေးရခဲ့သူ မေဝဲသာ လာ့စ်ဗီးဂပ်စ်တွင် နေအိမ်ဝယ်ယူပြီး တစ်လမပြည့်မီ ဘီဗာလီဟေးလ်တွင် ထပ်မံဝယ်ယူလိုက်ပြန် - Property News in Myanmar from iMyanmarHouse.com
ပေါင်သန်း ၂၃၀ ဆုကြေးရခဲ့သူ မေဝဲသာ လာ့စ်ဗီးဂပ်စ်တွင် နေအိမ်ဝယ်ယူပြီး တစ်လမပြည့်မီ ဘီဗာလီဟေးလ်တွင် ထပ်မံဝယ်ယူလိုက်ပြန် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service