ဝီလ်စမစ်နှင့် ဇနီးဂျာဒါ ပင်ကက်ထ်တို့ ဟာဝိုင်အီနေအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထုတ်လိုက်ပြီ

ဝီလ်စမစ်နှင့် ဇနီးဂျာဒါ ပင်ကက်ထ်တို့ ဟာဝိုင်အီနေအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
21 Sep 2017 11:22 am တွင် တင်ခဲ့သည်
5941 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် စုံတွဲဖြစ်သော ဝီလ်စမစ်နှင့် ဇနီးဂျာဒါ ပင်ကက်ထ်တို့သည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ နေအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထုတ်လိုက်ပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

ဂျာဒါ ပင်ကက်ထ်သည် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀ ကျော် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် The Matrix Reloaded, The Matrix Revolutions, Madagascar, Madagascar: Escape 2 Africa နှင့် Madagascar 3: Europe's Most Wanted တို့မှာ နာမည်ကျော်သည်။

ပင်ကက်ထ်စမစ်သည် ဂီတလောကသို့လည်း ၂၀၀၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး Wicked Wisdom အမည်ရှိ ဟဲဗီးမက်တယ်လ် တေးဂီတဝိုင်းကို ကူညီတည်ထောင်ခဲ့ကာ တေးရေး၊ တေးဆိုအဖြစ် ပါဝင်ခဲ့သည်။
ထို့အပြင် စာအုပ်တစ်အုပ်လည်း ရေးသားခဲ့သေးပြီး ၂၀၀၄ ခုနှစ်အတွင်းက ထုတ်ဝေခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ဝီလ်စမစ်နှင့် လက်ထပ်ခဲ့ပြီး ဂျာဒန်နှင့် ဝီလိုအမည်ရှိ သားသမီး ၂ ဦးထွန်းကားသည်။
ခြံဝန်းအကျယ် ၇ ဧကတွင် အဆောက်အအုံ ၄ ခုပါဝင်သည်။

တည်နေရာမှာ ဟာဝိုင်အီကျွန်း အရှေ့မြောက်ဘက် ကီလော်ရာအမည်ရှိ မြို့ငယ်ကလေးတွင် ဖြစ်သည်။
အိပ်ခန်း ၃ ခန်းပါ ပင်ပနေအိမ်၊ အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာ၊ အိပ်ခန်းတစ်ခန်းပါ အဆောက်အအုံတစ်လုံး (မူလက ရထားလုံးဂိုဒေါင်အဖြစ် အသုံးပြုခဲ့) နှင့် ဘက်စုံသုံး စတူဒီယိုခန်း အဆောက်အအုံတစ်ခုတို့ ပါဝင်သည်။

ပင်မနေအိမ်မှာ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ထင်းသုံးမီးလင်းဖို ၂ ခုပါဝင်ကာ မျက်နှာကျက်များမှာ သာမာန်ထက် အလွန်မြင့်မားစွာ ဆောက်လုပ်ထားသည်။

ယခင်ပိုင်ရှင်မှာ NBA ကြယ်ပွင့် ကာရင်မ် အက်ဘ်ဒူ ဂျာဘာဖြစ်သည်။
ပင်မနေအိမ်ကို ၁၉၈၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး မစ္စတာဝီလ်စမစ်သို့ ၂၀၁၅ ခုနှစ်တွင် ရောင်းချခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ယခုဝယ်ယူလိုက်သည့် ပိုင်ရှင်သစ်မှာ မည်သူဖြစ်သည်ကိုမူ မသိရချေ။
သာမာန်ထက် အလွန်ကြီးမားသည့် တံခါးများ၊ ပြတင်းပေါက်များ တပ်ဆင်ထားခြင်းကြောင့် ပင်လယ်မြင်ကွင်းကို နေအိမ်၏ အခန်းအားလုံးမှ တွေ့မြင်နိုင်သည်။

ခြံဝန်းအတွင်း ရေကူးကန်၊ တင်းနစ်ကွင်း၊ သစ်သီးဝလံပင်များ၊ သီးသန့်ပင်လယ်ကမ်းခြေတို့ ပါဝင်ပြီး အကောင်းဆုံးသီးသန့် ကမ်းခြေတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
ယခုအရောင်းအဝယ်တွင် ရောင်းလက်နှင့် ဝယ်လက်နှစ်ဘက်လုံးကို Hawaii Life အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ကိုယ်စားပြုကာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဝီလ်စမစ်သည် ၂၀၁၁ ခုနှစ်အတွင်း နေအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ရုရှားလူမျိုး ရိုင်ဘိုလော့ဗ်လီဗာဆိုသူထံ ရောင်းချခဲ့သေးကြောင်း ဝေါစထရိဂျာနယ်တွင် ဖော်ပြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဝီလ်စမစ်နှင့် ဇနီးဂျာဒါ ပင်ကက်ထ်တို့ ဟာဝိုင်အီနေအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဝီလ်စမစ်နှင့် ဇနီးဂျာဒါ ပင်ကက်ထ်တို့ ဟာဝိုင်အီနေအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဝီလ်စမစ်နှင့် ဇနီးဂျာဒါ ပင်ကက်ထ်တို့ ဟာဝိုင်အီနေအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဝီလ်စမစ်နှင့် ဇနီးဂျာဒါ ပင်ကက်ထ်တို့ ဟာဝိုင်အီနေအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဝီလ်စမစ်နှင့် ဇနီးဂျာဒါ ပင်ကက်ထ်တို့ ဟာဝိုင်အီနေအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းထုတ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service