ချောင်းသာကမ်းခြေအနီးရှိ အိမ်ရာ၊ စက်မှုဇုန်နှင့်ဆိပ်ကမ်းများသို့ ရန်ကုန်မှ မိုးပျံလမ်းဖောက်ရန် လေ့လာနေ

ချောင်းသာကမ်းခြေအနီးရှိ အိမ်ရာ၊ စက်မှုဇုန်နှင့်ဆိပ်ကမ်းများသို့ ရန်ကုန်မှ မိုးပျံလမ်းဖောက်ရန် လေ့လာနေ - Property News in Myanmar from iMyanmarHouse.com
21 Sep 2017 10:48 am တွင် တင်ခဲ့သည်
7732 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ ကမ်းခြေအနီးတွင် တည်ဆောက်ရန်စီစဉ် ထားသော လူနေအိမ်ရာ၊ စက်မှုဇုန်နှင့်ဆိပ် ကမ်းများအတွက် ရန်ကုန်မှတစ်ဆင့် သွယ်တန်းမည့် မိုးပျံလမ်းဖောက်ရန် လေ့ လာမှုပြုလုပ်နေရာ လာမည့်နှစ်တွင်ပြီး စီးမည်ဖြစ်ကြောင်း မြန်မာနိုင်င ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဗဟိုအ လုပ်အမှုဆောင်
ကော်မတီဝင် ဦးရဲလင်း က စက်တင်ဘာလ ၁၅ ရက်တွင် ပြောသည်။

တိုင်းတာမှု ၂၀၁၈တွင်ပြီးရန်

''ရန်ကုန်ဘက်နဲ့ဧရာဝတီတိုင်း ဒေ သကြီးဘက်တွေမှာ ကိုရီးယားပညာရှင် တွေနဲ့ တိုင်းတာရေးလုပ်ငန်းတွေကို စ လုပ်နေပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြီးမယ် လို့မှန်းထားတယ်။ ဒါပြီးရင် အစိုးရကို တင်ပြသွားမှာပါ။ ထိုင်းနိုင်ငံဘန်ကောက် ကနေ ပတ္တယားဘက်ကိုသွားတဲ့ လမ်းမျိုး လုပ်မှာပါ။ ရန်ကုန်ကနေ ချောင်းသာအထိ တိုက်ရိုက်မိုးပျံလမ်းနဲ့သွားမှာဖြစ်ပေမယ့် ပုသိမ်ရောက်ရင်တော့ ဆင်းလမ်းတစ်ခုရှိ မယ်။

ဒီမိုးပျံလမ်းကိုဖောက်ဖို့လုပ်တာကလည်း ကမ်းခြေနားမှာ လူနေအိမ်ရာတွေ၊ စက်မှုဇုန်တွေနဲ့ ဆိပ်ကမ်းတွေတည် ဆောက်ဖို့ရှိတာကြောင့်ပါ။ လူနေအိမ်နဲ့ စက်မှုဇုန်တွေအတွက် လျှပ်စစ်မီးရမယ့် စီမံကိန်းတွေလည်းပါပါတယ်''ဟု ၎င်းက ပြောသည်။

ရန်ကုန်မှ ချောင်းသာသို့မိုးပျံလမ်း ဖောက်လုပ်ရန် မြန်မာနိုင်ငံ ဆောက်လုပ် ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက်နှင့် ကိုရီးယားကုမ္ပဏီ တစ်ခုဖြစ်သော KECC တို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကာ မိုးပျံလမ်းဖောက် ပြီးပါက ချောင်းသာ၊ ငွေဆောင်နှင့်အခြား ကမ်းခြေနေရာများသို့ အချိန်အနည်းငယ် ဖြင့် သွားရောက်အပန်းဖြေနိုင်မည်ဖြစ် သည့်အပြင် နိုင်ငံတော်နှင့်ဒေသခံများအ တွက်အကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်းသိရသည်။

တစ်နာရီခွဲအတွင်းရောက်နိုင်

'' လမ်းအူကြောင်းအတွက် ဂြိုဟ်တု ကနေ ကောင်းကင်ဓာတ်ပုံတွေရိုက်ပြီး ပထမအဆင့်လေ့လာမှုတွေလုပ်နေပါတယ်။ မိုင် ၁၀၀ ကျော်လောက်ရှိမှာပါ။ ဒါပြီးရင် ရင်းနှီးမြှုပ်နှံမှုပိုင်းလာမှာပါ။ ရင်းနှီးမြှုပ်နှံမှုပိုင်းကကြီးတော့ သေသေချာချာ လုပ်နေပါတယ်။ လယ်ကွင်းတွေထဲဖြတ်ဖောက်ရမှာဖြစ်တော့ လယ်ပိုင်ရှင်တွေနဲ့ ညှိနှိုင်းဝယ်ယူရတာတွေရှိမှာပါ။ လမ်းဖောက်ပြီးရင်တော့ ရန်ကုန်- ချောင်းသာ ကို ယာဉ်ကြောပိတ်တာမရှိဘဲ တစ်နာရီခွဲ အတွင်းရောက်ရှိနိုင်မှာပါ''ဟု ၎င်းက ထပ်မံပြောသည်။

''လောလောဆယ်လေ့လာနေကြ တာပါ။ ပြီးရင်တော့ ဆောက်လုပ်ရေးဝန် ကြီးဌာနကို တင်ပြကြမှာပါ။ ဒီစီမံကိန်းက အရင်က ရေးဆွဲထားတာရှိပါတယ်''ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးခင်မောင် ကျော်ကပြောသည်။

Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service