ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာ ကျောင်းများရှိ ကျူးကျော်နေအိမ်များနှင့် သက် သာဆိုင်ခန်းများကို ၂၀၁၈မတ်လ တွင် အပြီးဖယ်ရှားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောကြားသည်။
အဆိုပါ အခြေခံပညာ ကျောင်းဝင်းရှိ သက်သာဆိုင်ခန်းများအားလုံး ပြောင်းရွှေ့နိုင်ရန် ကြိုးစားနေပြီး အချို့ဆိုင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ရှိနေခြင်းကြောင့် ယခုနှစ် ကျောင်းဖွင့်ရာသီအကုန် ၂၀၁၈ မတ်လအကုန်၌ သက်သာဆိုင်ခန်းများအားလုံး ပြောင်းရွှေ့ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဦးနိုင်ငံလင်းက ပြောသည်။
စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ် တော်အစည်းအဝေး၌ လှိုင်သာ ယာမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးမြတ်မင်း သူက လှိုင်သာယာမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျူး ကျော်အိမ်များနှင့် ကျူးကျော်ဆိုင် ခန်းများ ဖယ်ရှားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဝန်ကြီးကအထက်ပါ အတိုင်းဖြေကြားသည်။
‘‘ဆိုင်ခန်းမှာ နေထိုင်သူများ အနေဖြင့်လည်း ယခုအချိန်က စပြီး ပြောင်းရွှေ့နိုင်ဖို့ စီစဉ်ထားရှိ ရန် လိုအပ်ပါတယ်’’ဟု ဦးနိုင်ငံ လင်းက ဆိုသည်။
လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာကျောင်းများဖြစ် သော အထက (၅)၊ အလက(၄)၊ အလက(၈)၊ အလက(၁၂)၊ မူလွန်(၂၁)၊ အလက (၂၂)၊ အမက(၄၃)၊ မူလွန် (၄၅)၊ အလက(၁၇)၊ အမက (၈) ကျောင်းများရှိ ကျူးကျော်အိမ် များနှင့် ကျူးကျော်ဆိုင်ဖယ်ရှားပေးရန် အစီအစဉ်ရှိ၊ မရှိကို ဦးမြတ်မင်းသူက မေးမြန်းခဲ့သည်။
လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျူးကျော်အိမ် ၃၄ လုံးနှင့် သက် သာဆိုင်ခန်း ၁၈၆ ခန်းရှိကြောင်း ဝန်ကြီးက ပြောသည်။
အဆိုပါ သက်သာဆိုင်ခန်း များနှင့်ပတ်သက်၍ ၂၀၁၄ အောက်တိုဘာကုန်အထိသာ ဆိုင်ခန်းခပေးသွင်းရန်၊ စာချုပ် သက်တမ်း ကုန်ဆုံးပါက ထပ်မံ စာချုပ်မချုပ်ဆိုရန်၊ ဆိုင်ခန်းများ ကို အပြီးအပိုင်ဖျက်သိမ်းရန် အကြောင်းကြားထားသော်လည်း သက်သာဆိုင်ခန်း ငှားရမ်းထားသူ များက လိုက်နာခြင်းမရှိဘဲ ရန်ကုန်တိုင်းတစ်တိုင်းလုံး ဖယ်ရှားပေးမှသာလျှင် ဖယ်ရှားပေးမည်ဟု ပြောကြောင်း ဦးနိုင်ငံလင်းကပြောသည်။
Credit: 7Daydaily