အာဆီယံ နိုင်ငံများတွင် မြန်မာနိုင်ငံသည် ဘိလပ်မြေ ထုတ်လုပ်မှုထက် တင်သွင်းမှုကို အားကိုးပြီး အသုံးပြုနေရသော နိုင်ငံဖြစ်ပြီး တင်သွင်းမှုဒုတိယအများဆုံးအဖြစ် ရပ်တည်နေသည်။
လက်ရှိတွင် ပြည်ပမှဘိလပ် မြေကို တင်သွင်းနေရသော ကြောင့် ငွေလဲနှုန်းမငြိမ်သက်ခြင်း၊ ဝေးလံခေါင်ဖျားသော ဒေသများ ၌ သယ်ယူစရိတ် ကြီးမြင့်နေ ခြင်းများ ကြုံတွေ့နေရကြာင်း ရွေတောင်ဖွံဖြီုးမှုကုမ္ပဏီလီမိတက်မှ အမှုဆောင် အရာရှိချုပ် ဦးအောင်ဇော်နိုင်က ဆိုသည်။
ပြီးခဲ့သည့်နှစ်က ဘိလပ်မြေ တင်သွင်းမှုသည် တစ်နိုင်ငံလုံးအ တိုင်းအတာအနေဖြင့် တန်ချိန် တစ်သန်းကျော်ရှိခဲ့ပြီး ၆၀ ရာခိုင်နှုန်းသည် ပြည်ပမှ ၀ယ်ယူ အသုံးပြုနေရသည်။ အထူးသဖြင့် ဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံမှ ဘိလပ်မြေကို အများ ဆုံးဝယ်ယူအသုံးပြုနေကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ အဆင့်မြင့် ကွန်ဒို လူနေတိုက်ခန်းများ ဆောက်လုပ်သူ အများစုသည် ထိုင်းနိုင်ငံမှ တင်သွင်းသောဘိ လပ်မြေကိုသာ အဓိကအသုံးပြု နေပြီး ရပ်ကွက်အတွင်း တည် ဆောက်သူကန်ထရိုက်တာအများစုသည် ပြည်တွင်းဘိလပ် မြေများကိုသာ အဓိက အသုံးပြု ကြောင်း ထွန်းဆောက်လုပ်ရေး လုပ်ငန်းမှ ဦးအေးဟန်က ရှင်းပြ သည်။နောက်ပိုင်း ပြည်တွင်းမှ ထုတ်လုပ်သည့် ဘိလပ်မြေအများစုသည် အရည်အသွေးပိုင်းတွင် ကောင်းမွန်လာသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်အ ချို့ ပြောင်းလဲသုံးစွဲမှုများ ရှိ ကြောင်း ၎င်းကဆိုသည်။
ရွှေတောင်ဘိလပ်မြေကုမ္ပဏီ သည် လက်ရှိတွင် မန္တလေးတိုင်း သာစည်၌ ဘိလပ်မြေစက်ရုံလည် ပတ်နေသည်။ လက်ရှိတွင် အဆိုပါစက်ရုံကို မြေဧက ၂၀ အ ထိ တိုးချဲ့မည်ဖြစ်ပြီး ဘိလပ် မြေကြိတ်ခွဲထုတ်လုပ်မှုတန်ချိန်
၂၈၀၀ မှ ၇၂၀၀ အထိတိုးချဲ့ ထုတ်လုပ်ရန် ရည်ရွယ်ထား သည်။
လက်ရှိ မြန်မာနိုင်ငံ၌ ကျောက်မီးသွေးထွက်ရှိရာ ဒေသ များဖြစ်သော မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်တို့တွင် ဘိလပ်မြေစက်ရုံ ၁၈ ခု လုပ်ငန်း လည်ပတ်ထုတ်လုပ်နေကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ ဒေါ်လာဈေးအတက်အကျပေါ်မူ တည်ပြီး
ဘိလပ်မြေ ဈေးနှုန်း ပြောင်းလဲနေကာ ထိုင်းနိုင်ငံမှတင်သွင်းသော ဘိလပ်မြေနှင့် ပြည်တွင်းမှထုတ်လုပ်သော ဘိလပ်မြေသည် တစ်အိတ်လျှင်ကျပ်တစ်ထောင်မှ နှစ်ထောင်ကြားသာကွာဟကြောင်း ဈေးကွက်အရ သိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com