လူနေမှုအတွေ့အကြုံသစ်များကို အနီးစပ်ဆုံးခံစားနိုင်မည့် Lifestyle ပုံစံဟို တယ်ကို ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံအနီးတွင် ပထမဆုံးအဖြစ် ဖွင့်လှစ်လိုက် ပြီဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့၏ပထမဆုံး Life style ဟိုတယ်ဖြစ်သည့် Hotel G Yangon တွင် ခေတ်မီသော ခရီးသွားများနှစ်သက်တောင့်တကြသည့် ဆန်းသစ်သော နည်းပညာ၊လျင်မြန်သောဆက်သွယ်ရေးစနစ်နှင့် ခေတ်မီစတိုင်များအပြင် ဆန်းသစ်သော စိတ်ကူးဖြင့် ဒီဇိုင်းရေးဆွဲပုံဖော်ထားသောနေရာများ၊ ပစ္စည်း ကိရိယာအစုံအလင်ရှိသော အားကစားခန်းမ၊စားသောက်ဆိုင်နှင့် အဖျော် ယမကာဘားတို့လည်း ပါဝင်ကြောင်းသိရသည်။
Hotel G အမည်ဖြင့် ဘန်ကောက်၊ပတ္တယား၊ဆန်ဖရန်စ္စကို၊ဟောင်ကောင်၊ ရှန်ဇန်းနှင့် စင်ကာပူနိုင်ငံများတွင် ဟိုတယ်များ ပိုင်ဆိုင်ထားပြီး ဘေဂျင်းနှင့် ဆိုးလ်မြို့များတွင်လည်း ဟိုတယ်များ ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း
၊Hotel G သည် Gaw Capital Group ၏အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အာရှ Lifestyle hospitality စီမံခန့်ခွဲ မှု ဆိုင်ရာဆုကိုလည်း ရရှိထားသည့် GCP Hospitality တစ်ခုလည်း ဖြစ်ကြောင်းသိရသည်။
Credit:Pyi Myanmar