မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှု
စက်မှုဇုန်ဖော်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက
ပြောပါတယ်။
လက်ရှိမှာ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုစက်မှု
ဇုန်ဖော်ဆာင်နိုင်ရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့
သိရပါတယ်။
နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုစက်မှုဇုန်ကို
ဖော်ဆောင်နိုင်ပါကဇုန်အတွင်းမှာပင် ကုန်ကြမ်းများကို
ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်မှာ ဖြစ်ပြီး
နှစ်ဖက် စက်မှုကုန်ထုတ်လုပ်ငန်းတွေကို ထူထောင်နိုင်မှာ
ဖြစ်တယ်လို့ စီးပွား ကူးသန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဦးတိုးအောင်မြင့်က ပြောပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သည်ကြီးများအသင်း
(Yunnan Provincial General Chamber of Commerce
- YPGCC) ကလည်း နှစ်နိုင်ငံ အားသာချက် အားနည်းချက်တွေ
အပေါ်သုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်
လို့ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့မှာ ၂၀၁၆ အတွင်း ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၆ဘီလီယံကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ယူနန်ပြည်နယ်မှမြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများအပြားဆောင်ရွက်ထားပါတယ်။
စက်တင်ဘာ ၁၈ ရက်မှာ မြန်မာ ကုန်သည်စက်မှုအသင်းချုပ်နဲ့
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သည်ကြီးများအသင်းတို့ စီးပွားရေးဆိုင်ရာကဏ္ဍများကိုတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
Credit: SFJ Strategy First