အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အစိုးရတာဝန်များ ဆောင်ရွက်ရန်နှင့် အပန်းဖြေရန်အတွက် ၎င်းပိုင် ဇိမ်ခံအဆောက်အအုံများကို မကြာခဏ အသုံးပြုလာလျက်ရှိခြင်းမှာ သမ္မတတစ်ဦးအနေဖြင့် ပြည်သူ့ဘဏ္ဍာဖြင့် ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးမြှင့်တင်မှုအပေါ်အများကမေးခွန်း
ထုတ်လာကြသည်။
NBC သတင်းဌာနသည် ဒေါ်နယ်ထရမ့်ကျမ်းသစ်္စာ ကျိန်ဆိုပြီးချိန်မှစပြီး မကြာသေးမီကာလအထိ ၎င်းင်းပိုင်စံအိမ်များ နှင့် ဂေါက်ကွင်းများသို့ အလည်အပတ်သွားရောက်မှု မှတ်တမ်း ကို ခြေရာခံရာတွင် အောက်ပါအချက်အလက်များ ရရှိခဲ့သည်။ ရုံးတက်ရက် ၂၀၃ ရက်၊ ထရမ့်ပိုင်အဆောက်အအုံများတွင် ရှိနေသည့်ရက်ပေါင်း ၆၅ ရက်၊ ဂေါက်ကွင်းတွင် ရှိသည့်ရက် ပေါင်း ၅၀ ရက်၊ ထရမ့် မကြာခဏသွားရောက်လေ့ရှိသည် မှာ ဖလော်ရီဒါပြည်နယ်၊ ပန်ဘိခ်ျရှိ မာရာလာဂို စံအိမ်သို့ဖြစ် သည်။
ထို့အပြင် နယူးဂျာစီနှင့် ၀ါရှင်တန်ဒီစီတို့တွင်ရှိသော သူပိုင်ဂေါက်ကွင်းများသို့လည်း မကြာခဏ သွားလေ့ရှိသည်။
တခါတရံတွင် တစ်နေ့တည်း နေရာအများအပြားသွားရောက် လည်ပတ်လေ့ရှိသည်ဟု ဆိုသည်။
မာရာလာဂိုစံအိမ် ၂၅ ရက်၊ ၀ါရှင်တန်ဒီစီရှိ ထရမ့် အင်တာနေရှင်နယ် ဟိုတယ် ၅ ရက်၊ ထရမ့်အင်တာနေရှင်နယ် West Palm ဂေါက်ကွင်း ၁၃ ရက်၊ ထရမ့် နေရှင်နယ် ဂျူပီတာ ဂေါက်ကွင်း ၁ ရက်၊ ထရမ့် နေရှင်နယ် ပိုတိုမက်ခ်ဖောလ်စ် ဂေါက်ကွင်း ၁၅ ရက်၊ နယူးဂျာစီပြည်နယ်ရှိ ထရမ့်နေရှင်နယ် ဘက်ဒ်မင်စတာဂေါက်ကွင်း ၂၁ ရက်။
(သမ္မတဖြစ်လာပြီးနောက် အကြိမ်ရေမည်မျှ ဂေါက် ရိုက်ကစားခဲ့သနည်း)။ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ထရမ့်က ပြောခဲ့ဖူးသည်မှာ အမေရိကန်ပြည်သူများအနေနှင့် မိမိကို မဲပေးသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် မိမိသမ်္မတ ဖြစ်လာပါက ၀ါရှင်တန်မှ အခြားနေရာသို့ သွားလာရန် ခဲယဉ်း လိမ့်မည်ဖြစ်ကြောင်း၊ ဂေါက်ရိုက်ကစားခြင်း၊ အပန်းဖြေခရီးထွက် ခြင်းများ ပြုလုပ်လိမ့်မည်မဟုတ်ဟု ကတိပေးကြောင်း၊ အဘယ် ကြောင့်ဆိုလျှင် လုပ်ဆောင်ဖွယ်ရာ များစွာရှိနေခြင်းကြောင့်ဖြစ် ကြောင်း ပြောကြားခဲ့ဖူးသည်။
သမ္မတရွေးကောက်ပွဲမ၀င်ရောက်မီကလည်း ယခင် သမ်္မတဘားရက်အိုဘားမားကို ဂေါက်ရိုက်ခြင်း၊ အပန်းဖြေ ခရီးထွက်ခြင်းများအတွက် နှစ်အတန်ကြာ ဝေဖန်တိုက်ခိုက်ခဲ့ဖူး သည်။
ထရမ့်က သူ၏ တွစ်တာအကောင့်တွင် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၌ ရေးသားဖော်ပြခဲ့ပုံမှာ ““ခင်ဗျား တို့ ယုံပါ့မလားမသိဘူး၊ အမေရိကန်ပြည်ထောင်စုဟာ ပြဿနာ တွေ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရတဲ့အချိန် သမ်္မတ အိုဘားမားက ဂေါက်ရိုက်သွားနေတယ်၊ ကာတာထက်တောင် ဆိုးနေတယ်””ဟု ရေးသားဖော်ပြခဲ့သည်။ (ကာတာဟူသည်မှာ သမ်္မတဟောင်း ဂျင်မီကာတာကို ဆိုလိုခြင်း ဖြစ်သည်။)
သို့ရာတွင် ၎င်းင်းသမ္မတဖြစ်လာပြီး လေးလကျော်ကာလ အတွင်း ယခင်သမ်္မတ ၃ ဆက်ထက် ဂေါက်ကွင်းသို့သွားသည့် အကြိမ် ပိုမိုများပြားခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်း တစ်ရပ်တွင် ဖော်ပြသည်။
သမ္မတအိုဘားမားနှင့် ကာလတူနှိုင်းယှဉ်မည်ဆိုလျှင် အိုဘားမားက ဂေါက်ကွင်းသို့ ၁၁ ကြိမ်သွားခဲ့ပြီး ထရမ့်က အနည်းဆုံး ၂၁ ကြိမ်သွားခဲ့ကြောင်း Politifact က ဖော်ပြသည်။
သို့ရာတွင် ထရမ့်အနေဖြင့် ဂေါက်ကွင်းသို့ အကြိမ်ရေမည်မျှ သွားခဲ့သည်ဟူခြင်းကိုမူ အတိအကျ မသိနိုင်ချေ။
သူ၏ အစိုးရအဖွဲ့က ထရမ့်၏ လှုပ်ရှားမှုများကို ဖုံး ကွယ်ထားရန် ကြိုးပမ်းခဲ့ပြီး ဂေါက်ရိုက်ကစားခဲ့ခြင်း ရှိ၊ မရှိကို အတည်ပြုချက်ပေးရန် မကြာခဏငြင်းပယ်လေ့ရှိသည်။
သို့ရာတွင် လူမှုကွန်ရက်များက ထရမ့်မည်သည့် နေရာသို့ ရောက်နေသည်ကို ဖော်ထုတ်သည့် အဓိကနေရာ ဖြစ်လာသည်။
(မည်သည့်အချိန်တွင် သွားလေ့ရှိသနည်း)။ ထရမ့် သည် ဆောင်းရာသီအိမ်ဖြူတော် (ထရမ့်၏ အခေါ်အရ တောင်ပိုင်းအိမ်ဖြူတော် )ဟု တင်စားခေါ်ဝေါ်လေ့ရှိသော မာရာလာဂိုစံအိမ်သို့ သီတင်းပတ်ကုန်ရက်များတွင် မကြာ ခဏသွားလေ့ရှိသည်။
မာရာလာဂိုတွင် တရုတ်သမ္မတရှီကျင့်ဖျင် အပါ အ၀င် နိုင်ငံတကာခေါင်းဆောင်အချို့ကိုလည်း လက်ခံတွေ့ ဆုံခဲ့ပြီး ဆီးရီးယားလေတပ် အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက် ရန်အမိန့်ကိုလည်း မာရာလာဂိုမှ တိုက်ရိုက်အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ အများဆုံးသွားရောက်သည့်နေ့များမှာ တနင်္ဂနွေနှင့် တနင်္လာနေ့များ ဖြစ်သည်။
(မည်မျှ ကုန်ကျသနည်း)။သမ္မတခရီးစဉ်များသည် အမေရိကန်အခွန်ထမ်းပြည်သူတို့အတွက် ဒေါ်လာသန်းပေါင်း များစွာ ကျသင့်စေမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုလျှင် သမ္မတခရီးစဉ်များတွင် Air Force One လေယာဉ်အသုံးပြုခြင်း၊ Secret Service ၏ အသုံးစရိတ်များ၊ လေတပ်၊ ဒေသတွင်း အုပ်ချုပ်ရေးဌာနများ၊ ကမ်းရိုးစောင့်တပ်ဖွဲ့နှင့် အခြားအေဂျင်စီများ ပူးပေါင်းပါဝင်ရ သည့် ကုန်ကျစရိတ်များစွာ ရှိခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် မည်မျှကုန်ကျသည်ဆိုသည့် အသေးစိတ်အချက်အလက်ကို မူ မသိရှိနိုင်ချေ။
အဘယ်ကြောင့်ဆိုလျှင် အဆိုပါအသုံးစရိတ်များကို ဖွင့်ချပြရန် မလိုအပ်ခြင်းကြောင့်လည်း ဖြစ်သည်။ ယခင်သမ်္မတ ဟောင်း ဘားရက်အိုဘားမား၏ ခရီးစဉ်စရိတ်များပြားခြင်း အပေါ် ယခင်က ဝေဖန်မှုများရှိခဲ့သည်။
အိုဘားမားသည် သမ္မတသက်တမ်း ၈ နှစ်တာ ကာလ အတွင်း ခရီးစဉ်စရိတ်စုစုပေါင်း ကန်ဒေါ်လာ ၉၇ သန်း(ခန့်မှန်း) ခန့် ကုန်ကျခဲ့သည်။
ဒေါ်နယ်ထရမ့်သည် လက်ရှိအကြိမ်ရေနှုန်းထား အတိုင်းသာ ၎င်းင်းပိုင်စံအိမ်တော်များနှင့် ဂေါက်ကွင်းများသို့ ခရီးဆက်နေမည်ဆိုပါက အိုဘားမားထက် များစွာကျော်လွန် ဖွယ်ရာရှိနေသည်။
အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com