အခုနှစ်မှာ သီလဝါအထူးစီးပွားရေးရေးဇုန်စက်ရုံ ၆၀ လည်ပတ်ဖို့ ရည်မှန်းထားတယ်လို့ဇုန်စီမံခန့်ခွဲရေးကော်မတီတာဝန်ရှိသူတွေရဲ့ပြောဆိုမှုအရသိရပါတယ်။
ဇုန်အပိုင်း(က) မှာလုပ်ငန်းလုပ်ကိုင်ဖို့ သဘောတူထား
တဲ့ စက်ရုံ ၈၆ ရုံအထိရှိနေပြီး အချို့သောစက်ရုံတွေက တည်ဆောာက်နေပြီး ၄၃ ရုံကတော့ လည်ပတ်လျှက်ရှိတယ်လို့ ဇုန်စီမံခန့်ခွဲရေးကော်မတီထံကသိရပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်ကို မြေဧရိယာ ၅၇၀၀ ဧကပေါ်မှာ အကောင်အထည်ဖော်ဖို့ရည်မှန်းထားပြီးလက်ရှိ ဧက ၁၂၀၀ ကိုအကောင်အထည်ဖော်ထားပြီး ယင်းထဲကမှဇုန်အပိုင်း(က) မှာ စက်ရုံ ၁၀ ရုံလောက်သာ တည်ဆောက်ဖို့ မြေနေရာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
ဇုန်အနေနဲ့လက်ရှိမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအထိ ရင်းနှီးမြုပ်နှံမှုရထားပြီး လာရောက်လုပ်ကိုင်တဲ့ လုပ်ငန်းအများစုက ဂျပန်ကုမ္ပဏီတွေဖြစ်တယ်လို့ဇုန်စီမံခန့်ခွဲရေးကော်မတီတာဝန်ရှိသူတွေထံကသိရပါတယ်။
ဇုန်အပိုင်း(က) အကောင်အထည်ဖော်မှုများပြီးစီးသလောက်ဖြစ်နေပြီး ဇုန်အပိုင်း(ခ)ဆက်ပြီးအကောင် အထည်ဖော်လျှက်ရှိရာ တောင်သူတွေနဲ့ မြေယလျော်ကြေးကိစ္စတွေ ဆက်ပြီးညှိုနှိုင်းလုပ်ဆောင်နေ တယ်လို့လည်းသိရပါတယ်။
Credit: SFJ Strategy First