အိမ်ခြံမြေ ဈေးကွက် ပြန်လည်ကောင်းမွန်လာစေရန် လက်ရှိ ကောက်ခံနေသော အခွန်နှုန်းထားများကို လျှော့ပေါ့ပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းဒုဥက္ကဌ ဦးသန်းဦးကပြောသည်။
" ဈေးကွက်က လုံးဝမကောင်းလာတာကို ကောင်းအောင်ပြန်လုပ်ဖို့က
ဒီတနည်း ပဲရှိတယ် " ဟု ဦးသန်းဦးက iMyanmarHouse ၏ အိမ်ခြံမြေ အရောင်းပြပွဲတွင် ပြုလုပ်သော အိမ်ခြံမြေ ဆိုင်ရာဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည့်။
တံဆိပ်ခေါင်းခွန် ၊ငွေမဲမှငွေဖြူသို့ပြောင်းလဲသည့် ၃၀ရာခိုင်နှုန်း အခွန် နှင့်တစ်ပေပတ်လည် အခွန်နှုန်းထားတို့ကို လျှော့ချပေးရန် ဦးသန်းဦးက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
တစ်ပေပတ်လည် အခွန်နှုန်းထားကိုလည်း ပြန်လည် ပြင်ဆင်ပေးရန် လုပ်ငန်းရှင်များတောင်းဆိုခဲ့သော်လည်း ပြန်ပြင်ဆင်ပေးမှုမှာ လက်ရှိ မူလပေါက်ဈေးထက်ပိုမိုများပြားနေကြောင်း ၄င်းကဆိုသည်။
လက်ရှိ အိမ်ခြံမြေ ဈေးကွက် အတွင်းရောင်းဝယ်နေသူများသည် အဆိုပါအခွန်များကြောင့် သာမာန်ထက်ဈေးမှာပိုမိုကြီးမားနေခြင်းဖြစ်ကာ အခွန်များလျှော့ချလိုက်ပါက အိမ်ခြံမြေဈေးကွက်မှာကောင်းမွန်လာနိုင်ကြောင်း အကျိုးဆောင်များကဆိုသည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် အဌားသာ အလုပ်ဖြစ်နေပြီး တန်ဖိုးကြီး အိမ်ခြံမြေများမှာ ထင်သလောက် အလုပ် မဖြစ်သေးဘဲ ၂၀၁၇တွင်
ဆိုးရွားစွာ ဈေးကွက်တွင် ကျဆင်းလျှက်ရှိသည်။
နေရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com