မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၁၇ ပထမရှစ်လအတွင်း နိုင်ငံခြားသား ခရီးသွားဧည့် သည်လာရောက်လည်ပတ်မှုနှစ် သိန်းကျော်ရှိပြီး ယခင်နှစ် ထက် ၆ ရာခိုင်နှုန်းခန့် မြင့်တက်လာ ကြောင်း မန္တလေးတိုင်း ဟိုတယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းယုက ပြော သည်။
‘‘မန္တလေးတိုင်းမှာ ခရီးသွား ဝင်ရောက်မှုက နှစ်စဉ်တိုးတက် နေပါတယ်။ အခု ၂၀၁၇ ထဲမှာ ဆိုရင် သြဂုတ်အထိ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ယှဉ်ရင် ရာခိုင်နှုန်း အားဖြင့် ၆ ရာခိုင်နှုန်းလောက် တိုးလာပါတယ်’’ဟု ဦးစန်းယုက ပြောသည်။
မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်ဝင်ရောက်မှု သည် ၂၀၁၆ ဇန်နဝါရီမှ သြဂုတ် အထိ ၁၉၄,၅၂၀ ဦးရှိပြီး ယခု ၂၀၁၇ ၌ ဇန်နဝါရီမှ သြ ဂုတ်အ တွင်း ၂၀၃,၁၄၅ ဦး ဝင်ရောက်ခဲ့ သည်။ ထို့အတွက် ယမန်နှစ်က ထက် အနည်းငယ် မြင့်တက် လာပြီး လာမည့် အောက်တိုဘာ ခရီးသွားရာ သီတွင် မန္တလေးသို့ နိုင်ငံခြားခရီးသွားဧည့်သည်လာ ရောက်လည်ပတ်မှု ယခု ထက် ပိုတိုးလာနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။
‘‘ခရီးသွားကဏ္ဍဖွံ့ဖြိုးလာ ရင် သူနဲ့ဆက်စပ်တဲ့ ကဏ္ဍတွေမှာပါ အကျိုးခံစား ခွင့်ရရှိလာမှာဖြစ် ပါတယ်။ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး အပိုင်းက အစိုးရတစ် ရပ်တည်း တင်မကဘူး။ အကုန်လုံးပူးပေါင်း ဆောင်ရွက်ရင် အောင်မြင်နိုင် မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဈေး ကွက်ဗျူဟာကိုလည်း ပြောင်းလဲဖို့ကြိုး စားနေပါတယ်’’ဟု ဦးစန်းယု က ပြောသည်။
၂၀၁၆ က စ၍ မန္တလေးအ ပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အာဆီယံနိုင်ငံ များ အပါအဝင် နိုင်ငံ ၄၀ မှ နိုင်ငံခြားသားခရီးသွား ဧည့်သည်များကို e-Visa စနစ်ဖြင့် အွန်လိုင်းမှတစ်ဆင့် ဗီဇာလျှောက်ထားကာ လာရောက်လည် ပတ် နိုင်ရန် ခွင့်ပြုထားသည်။ ထို့ပြင် နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ် အချို့ မန္တလေးလေဆိပ်သို့ တိုးချဲ့ပြေးဆွဲလာ၍ ယခုနှစ်ခရီးသွားရာသီတွင် ခရီးသွားဝင် ရောက်မှု ပိုမိုမြင့်တက်မည်ဟု မျှော်မှန်းထားကြောင်း ဟို တယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန(မန္တလေး)မှ တာဝန်ရှိသူ များက ပြောသည်။
Credit: 7DayDaily