ရွှေလုပ်ငန်းရှင်များက မီးလင်းရွှေတုံးများအတွက် အခွန် ၅ ရာခိုင်နှုန်း ကို လေးလစာ ပေး ဆောင်ရမည်ဖြစ်ကြောင်း ပြည် တွင်းအခွန်များဦးစီးဌာ န ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
စိန်၊ မြနှင့် ရွှေစင်ရွှေတုံးများ ကို အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် များမှ ကင်း လွတ်ခွင့်ပြုရန် သြဂုတ် ၈ ရက်တွင်ပြည်ထောင်စုလွှတ်တော်က ခွင့် ပြုခဲ့သော်လည်း ဥပဒေအတည် ဖြစ်သည့် ကာလမှ ကင်းလွတ်ခွင့်ပြု သည့်ကာလ လေးလစာအ တွင်း ပေးဆောင်ရမည်ဖြစ် ကြောင်း ၎င်း က ပြောသည်။
‘‘ပြဋ္ဌာန်းပြီးခဲ့တဲ့ အချိန်ကစ ပြီး အတည်ဖြစ်တဲ့ ကာလက ပေးရမယ်။ ကင်း လွတ်ခွင့်ပြုတဲ့ နောက်ပိုင်းကို ပေးစရာမလိုဘူး’’ ဟု ဦးမင်းထွဋ်က ပြောသည်။
ထိုကာလများတွင် ရောင်းချ သည့် ရွှေတုံးများအတွက် အခွန် ပေးဆောင်ရန် လုပ်ငန်းရှင်များ လစဉ် ကုန်သွယ်လုပ်ငန်းခွန်၌ ထည့်သွင်းပေးဆောင်ရမည် ဟု ၎င်းက ဆိုသည်။
သို့သော် ရွှေလုပ်ငန်းရှင်များက ထိုကာလအတွင်း ရွှေဝယ်ယူ သူများထံမှ အခွန်ကောက်ထား ခြင်းမရှိဘဲ လက်ဝတ်ရတနာအ တွက် အခွန် ၁ ရာခိုင်နှု န်းသာ ကောက်ခံထားကြောင်း အောင် သမာဓိရွှေဆိုင်အထွေထွေမန်နေ ဂျာ ဦးမော်က ပြောသည်။
‘‘အဲဒီတုန်းက ဥပဒေက ရှိသာရှိခဲ့တာ။ အသက်မဝင်ခဲ့ဘူး။ ဒါကြောင့် အခွန်ေ ကာက်ထားတာ လည်းမရှိဘူး’’ဟု ၎င်းက ဆက် လက်ပြောသည်။ ထိုကာလ အတွင်း ရွှေစင်ရွှေတုံးများအတွက် အခွန်ကောက်ထားခြင်း မရှိသကဲ့ သို့ ရောင်းချထားခြင်းလည်း မရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
‘‘အရောင်းလုံးဝမရှိခဲ့ဘူး။ ၅ ရာခိုင်နှုန်းက များတော့ ဘယ်သူမှ မပေးနိုင်ဘူး’’ ဟု ၎င်းကဆက် လက်ပြောသည်။
၂၀၁၇ ပြည်ထောင်စုအခွန် ကောက်ဥပဒေအရ လက်ဝတ်ရ တနာရွှေထည် ဝယ်ယူသူများကို အခွန် ၁ ရာခိုင်နှုန်းနှင့် အခေါက် ရွှေအတုံးဝယ်ယူသူများကို အခွန် ၅ ရာခိုင်နှုန်းကောက်ယူရန် ပြဋ္ဌာန်းခဲ့သည်။ သို့သော် ရွှေလုပ်ငန်းရှင် များက ကန့်ကွက်ခဲ့သဖြင့် ပြည် ထောင်စုအစိုးရက လွှတ်တော်၏ သဘော တူညီချက်ဖြင့် သြဂုတ် တွင် ရွှေတုံးများအတွက် အခွန်ကို ပယ်ဖျက်ပေးခဲ့သည်။
Credit: 7DayDaily