ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန က စီမံခန့်ခွဲ တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းေ ထာင့် ရွှေဂုံအိမ်ရာ ပြန်လည်စည်ပင်ရေး၊ စီမံကိန်းရှိ လူနေအိမ်တိုက်ခန်းတွေ ကို အိတ်ပိတ်တင်ဒါစနစ်နဲ့ မျက်မြင်အခြေအနေ အတိုင်းရောင်းချမှာဖြစ်တာေ ကြာင့် တင်ဒါအဆိုပြုလွှာကို တင်သွင်းဖို့ ဖိတ်ခေါ်ထားကြောင်းသိရပါတယ်။
အဆင့်မြင့် လူနေအိမ်အခန်းပေါင်း ၂၀ အတွက် တင်ဒါအဆိုပြုလွှာ စတင်ေ ရာင်းချမယ့်ရက်မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်ဖြစ်ပြီး တင်ဒါအဆိုပြု လွှာ နောက်ဆုံး တင်သွင်းမယ့်ရက်မှာ ၂၀၁၇ ခုနှစ်အောက်တိုဘာ ၁၃ ရက် ထိဖြစ်တယ်လို့ သိရပါတယ်။
တင်ဒါတင်ရမယ့်နေရာမှာ အမှတ် (၂၂၈/၂၃၄) အိမ်ရာဖွံ့ဖြိုးရေးဌာန ခွဲမြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တေ ထာင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး၊ တင်ဒါဖွင့်လှစ်ပေးမယ့်ရက်ကို အကြောင်းကြားပေးမှာဖြစ်ကြောင်းသိရပါတယ်။
Credit: The Kumudra