တန်ဖိုးနည်းအိမ်ရာ ဝယ်ယူဖို့အတွက် ငွေချေးသူတွေကို ချေးငွေ ပြန်ဆပ်ရ မယ့်ကာလကို ၁၅ နှစ်အထိ တိုးမြှင့်လိုက်ပြီဖြစ်တယ်လို့ ဆောက်လုပ်ေ ရး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank ) က သိရပါတယ်။
တန်ဖိုးနည်းအိမ်ခန်းတွေကို ဝယ်မယ့် သူတွေကို နောက်ထပ်ချေးမယ့် သူေ တွကို ၁၅ နှစ်ကာလအထိ တိုးပေးတော့မယ်။ ခုစပြီး လုပ်ဆောင်နေပါပြီ။ အရင် ၁၀ နှစ်အတွက်ခုလာမယ့်ဟာတွေကို ၁၀ နှစ်အထိပေးမယ်။ အရင်က ဟာနဲ့ မဆိုင်ဘူး”လို့ CHD Bank ရဲ့ ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောပါတယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၂၀ဝ၀ ကျော်ဆောက်ထားပြီး အခန်း ၆၀ဝ ကျော် ကို ပထမအသုတ် နဲ့ ရောင်းချပေးခဲ့ကာ စက်တင်ဘာ ၂ ရက်နဲ့ ၄ ရက်နေ့က အ ခန်း ၈၅၀ေ ကျာ်ကို ဒုတိယအသုတ် အဖြစ် ရန်ကုန်မြို့မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာ န ရုံးခန်းမှာ မဲဖောက်ရောင်းချ ခဲ့ပါတယ်။
CHDB ဘဏ်အနေနဲ့ နောက်ပိုင်းမှာ ပုဂ္ဂလိကကရောင်းချနေတဲ့ လူနေ အိမ် တိုက်ခန်းတွေနဲ့ လုံးချင်းအိမ်ရာတွေကိုလည်း ဘဏ်ချေးငွေနဲ့ ဝယ်ယူနိုင်ေ အာင် စီစဉ်နေကြောင်းကိုလည်း သိရပါတယ်။
CHDB ဘဏ်မှာ ငွေစုဆောင်းထားသူတွေထဲက တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင် နှုန်းပြည့်မီသူတွေဟာ အစဉ်လိုက်အခန်းဝယ်ယူခွင့်ရရှိနေပြီး မိမိဝယ် ယူလိုတဲ့ အခန်းကို စိတ်ကြိုက်လျှောက်ထားခွင့်ပေးတာဖြစ်တယ်လို့ သိရပါ တယ်။ လက်ရှိမှာ CHDB ဘဏ် မှာ အိမ်ရာဝယ်ယူဖို့ ငွေစုဆောင်းထားသူ ဦးရေ ၁၈,ဝ၀ဝ ကျော် ရှိနေပြီလို့လည်း သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာအတွက် အခန်း ၈၀ဝ၀ ကို နှစ်နှစ်စီမံကိန်းနဲ့ တည်ေ ဆာက်နေပြီး ဆောက်လုပ်ပြီးစီးမယ့် အခန်းတွေအနက် အိုးအိမ်ဦးစီးဌာနက အခန်း ၅၀ဝ ကျော် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အခန်း ၇၀ဝ ကျော် စုစုပေါင်း ၁၂၀ဝ ကျော် ရောင်းချထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra