ဗြိတိန်လုပ်ငန်းရှင် အမျိုးသမီးက ဒူဘိုင်း သိပ္ပံဥယျာဉ်တွင် ဆောက်လုပ်လျက်ရှိသော လူနေခန်းများကို ဒစ်ဂျစ်တယ်ငွေကြေး Bitcoin ဖြင့် စတင်ရောင်းချပေးလျက်ရှိ

ဗြိတိန်လုပ်ငန်းရှင် အမျိုးသမီးက ဒူဘိုင်း သိပ္ပံဥယျာဉ်တွင် ဆောက်လုပ်လျက်ရှိသော လူနေခန်းများကို ဒစ်ဂျစ်တယ်ငွေကြေး Bitcoin ဖြင့် စတင်ရောင်းချပေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
19 Sep 2017 11:23 am တွင် တင်ခဲ့သည်
752 ကြိမ် ကြည့်ရှု့ပြီး
ဗြိတိန်လုပ်ငန်းရှင် အမျိုးသမီး မီရှဲလ်မုန်းသည် ဒူဘိုင်း သိပ္ပံဥယျာဉ်တွင် ဆောက်လုပ်လျက်ရှိသော လူနေခန်းများကို ဒစ်ဂျစ်တယ် ငွေကြေး Bitcoin ဖြင့် စတင်ရောင်းချပေးလျက်ရှိပြီး လူနေခန်းများကို ကမ္ဘာပေါ်တွင် ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ပထမဆုံး စတင်ရောင်းချခြင်းလည်းဖြစ်ကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယခုရောင်းချပေးမည့် လူနေခန်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုးရှိသည်။

ဒူဘိုင်းအမည်ပေါက် Aston Property Ventures သည် ဗြိတိန်အမျိုးသမီးလုပ်ငန်းရှင် မီရှဲလ်မုန်းနှင့် လုပ်ငန်းဖော် ဒေါက်ဂ်ျ ဘာရိုမန်းတို့ ပူးတွဲပိုင်ဆိုင်ပြီး ပေါင် သန်း ၂၅၀ (ကန်ဒေါ်လာ ၃၂၆ သန်း) တန်ကြေးရှိ လူနေခန်းများကို စတင်ရောင်းချပေးခြင်း ဖြစ်သည်။

စတုရန်းပေ ၂ ဒသမ ၄ သန်းအကျယ်အဝန်းရှိ အဆိုပါစီမံကိန်းမှာ ဆောက်လုပ်နေဆဲဖြစ်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်ဆောက်လုပ်မည် ဖြစ်သည်။

Bitcoin သည် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုစနစ်တစ်မျိုးဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလစာရင်းများအရ လုပ်ငန်းရှင်ပေါင်း ၁၀၀၀၀၀ ကျော်က လက်ခံအသုံးပြုလျက်ရှိသည်။

စုစုပေါင်း လူနေခန်း ၇၅၀ အနက် လူနေခန်းပေါင်း ၁၅၀ ကို စတင်ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ဈေးနှုန်းများမှာ စတူဒီယိုခန်းတစ်ခန်းလျှင် ကန်ဒေါ်လာ ၁၆၉၀၀၀ (30 Bitcoin) မှ အိပ်ခန်း ၂ ခန်းပါ လူနေခန်းများကို ကန်ဒေါ်လာ ၃၈၀၀၀၀ (85 bitcoins) ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗြိတိန်လုပ်ငန်းရှင် အမျိုးသမီးက ဒူဘိုင်း သိပ္ပံဥယျာဉ်တွင် ဆောက်လုပ်လျက်ရှိသော လူနေခန်းများကို ဒစ်ဂျစ်တယ်ငွေကြေး Bitcoin ဖြင့် စတင်ရောင်းချပေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service