ဟောင်းနွမ်းငွေစက္ကူတွေအတွက် တစ်ဘဏ်ကိုငွေကျပ် ၆ သန်းနှုန်းနဲ့လစဉ်ထုတ်ပေးနေတယ်လို့ မြန်မာနိုင်ငံ တော်ဗ
ဟိုဘဏ်ညွှန်ကြားရေးမှုးချုပ် ဦးအောင်ကျော်သန်းကပြောပါတယ်။
ငွေစက္ကူအဟောင်းတွေလဲလှယ်ရာမှာ ဟောင်းနွမ်း၊စုတ်ပြဲ၊ဆီစွန်း၊ဆိုးဆေးစွန်းထားပြီး မျက်နှာပြင်ထွက်ဝက် ကျော်ငွေစက္ကူတွေကို စက္ကူဖြင့်ဖြစ်စေ၊ တိတ်တွေနဲ့ဖြစ်စေကပ်ဖို့မလို
ဘဲ ခွင့်ပြုပေးလျှက်ရှိသလို ထက်ဝက် ပြတ်ငွေစက္ကူနှစ်ခုကို ဆက်ထားပြီး၊ ငွေစက္ကူနံပတ်တူသည်ဖြစ်စေ မတူ
သည်ဖြစ်စေ ဖြေလျှောပြီးငွေစက္ကူအ သစ်တွေနဲ့ တန်ဖိုးအတိုင်းလဲပေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထိုကဲ့သို့လဲလှယ်ရာမှာ မြို့ပေါ်ရှိမြန့်မာစီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ်တွေအတွက် တစ်ဘဏ်ကို ငွေပမာဏ
ခြောက်သန်းနှုန်းနဲ့ခွဲတမ်းသတ်မှတ်ပြီး ငါးဆယ်တန်ကနေ ငါးရာတန်ငွေစက္ကူအသစ်တွေကို လစဉ်ထုတ်ပေးနေ ခြင်းဖြစ်တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူကပြောဆိုပါတယ်။
ငွေစက္ကူအသစ်တွေကို လဲလှယ်ခြင်းအပြင် နိုင့်ငံဝန်ထမ်းတွေရဲ့ လစာထုတ်ပေးရာမှာလည်း တစ်ရာ
တန်၊နှစ်ရာ တန်၊ငါးရာတန်တစ်အုပ်စီကို ကျပ် ၈၀၀၀၀ အထိထုတ်ပေးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်၊ဈေးဆိုင်၊ YBS ယာဉ်လိုင်းတွေ၊ Shopping Mallတွေ၊ ဈေးဝယ်စင်တာ
တွေက လဲလှယ်မှုတွေကို ဗဟိုဘဏ်ကပုံမှန်ဆောင်ရွက်ပေးလျှက်ရှိတယ်လို့သိရပါတယ်။
လက်ရှိအချိန်အထိ ငွေစက္ကူသစ်ကျပ်သန်းပေါင်း ၈၃၁၂၈ ဒသမ ၉၃ သန်းကို ဖြန့်ဝေပေးပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ
တော်ဗဟိုဘဏ်ညွှန်ကြားရေးမှုးချုပ် ဦးအောင်ကျော်သန်းကပြောပါတယ်။
Credit: SFJ Strategy First