လန်ဒန်မှဂျပန်သို့ မိုင်ပေါင်း ၈၄၀၀ ရှည်လျားသည့်မီးရထားလမ်းဖြင့်ချိတ် ဆက်မည့်စီမံချက်ကို ရုရှားအစိုးရကထုတ် ဖော်ပြောဆိုခဲ့သည်ဟု သိရသည်။
ရုရှားသမ္မတပူတင်၏အာဏာပိုင်များ သည် ပင်လယ်ကိုရထားများဖြတ်ကူးနိုင် ရန် ၂၈ မိုင်ရှည်လျားသည့်တံတားတည် ဆောက်ရန်အတွက် ဂျပန်နှင့်ဆွေးနွေးညှိ နှိုင်းမှုများပြုလုပ်လျက်ရှိသည်။
တစ်ချိန်က စတာလင်လည်းအဆိုပြုခဲ့ဖူးသည့်ပရော ဂျပ်ကြောင့် ရထားများသည် လန်ဒန်မှတစ် ဆင့် ဂျာမနီနှင့်ပိုလန်ကိုဖြတ်ကျော်ကာ ဥရောပအရှေ့ပိုင်းနှင့်ရုရှားအထိ ဝင် ရောက်နိုင်မည်ဖြစ်သည်။
အဆိုပါရထား လမ်းသည် ဂျပန်ပင်လယ်ကိုဖြတ်ကျော် သွားမည်ဖြစ်သောကြောင့် ၂၈ မိုင် ရှည်လျားသည့်တံတားကိုတည်ဆောက် ရန်ပြင်ဆင်နေကြခြင်းဖြစ်ပြီး ရုရှားဒုဝန် ကြီးချုပ်က''ဂျပန်နိုင်ငံ Hokkaido ကျွန်း ကနေ ရုရှားနိုင်ငံ Sakhalin ကျွန်းကို ရထားလမ်းချိတ်ဆက်ဖို့ တံတားဆောက် လုပ်ရေးအတွက် ဂျပန်အာဏာပိုင်တွေနဲ့ ဆွေးနွေးနေပါတယ်''ဟု ဆိုခဲ့သည်။
Sakhalin ကျွန်းသည် ရုရှားနိုင်ငံ၏အ ကြီးဆုံးကျွန်းဖြစ်ပြီး ၂၈ မိုင်ရှည်လျားသော တံတားဖြင့် Hokkaido ကျွန်းနှင့်ဆက် သွယ်မည်ဖြစ်သည်။
အဆိုပါရထားလမ်း သည် ဒုတိယကမ္ဘာစစ်အတွင်းကပဋိပက္ခ များအဆုံးသတ်ရန်တရားဝင်လက်မှတ် ရေးထိုးနိုင်ကြခြင်းမရှိသည့်ရုရှားနှင့်ဂျပန် ကြားသမိုင်းဝင် စီမံချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ရုရှားကုန်းမကြီးနှင့် Sakhalin ကျွန်းကိုဆက်သွယ်သည့်တံ တားသည် ဒေါ်လာ ၅ ဘီလျံကုန်ကျခဲ့ပြီး ဂျပန်နှင့်ချိတ်ဆက်မည့်တံတားသည် ပိုမို ကုန်ကျနိုင်ဖွယ်ရာရှိသည်ဟု သိရသည်။
Credit: Pyi Myanmar