အင်းဝအိမ်ရာ
အင်းဝအိမ်ရာကို ငွေပေးချေမှု ၁၂လ အရစ်ကျစနစ်နဲ့ ပထမလမှာ အခန်း တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ဝယ်ယူနိုင်ကြောင်း သိရပါတယ်။
အင်းဝအိမ်ရာကို ကိုယ်ပိုင် မြေ ပေ ၈၀ x ပေ ၆၀ ပေါ်မှာ ဆောက်လုပ်ထား ပြီး လေးခန်းတွဲခြောက်ထပ်ပုံစံတူ တိုက်ငါးလုံးတည် ဆောက်မှာဖြစ်ကာ တစ် လွှာမှာ လေးခန်းပါဝင်ကြောင်း သိရပါတယ်။
တိုက်အမျိုးအစား A,B, C, D ရှိပြီး A နဲ့ B မှာ လမ်းမဘက်ကို မျက်နှာမူနေတဲ့ တိုက်တွေဖြစ်ပြီး C နဲ့ D မှာ အနောက်ခြမ်းတွေဖြစ်တယ်လို့ သိရပါတယ်။
အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၇၄၀ ကျယ်ဝန်းပြီး room type ဖြစ် တယ်လို့ သိရပါတယ်။ အခန်း တန်ဖိုးမှာ Type A နဲ့ B ကသိန်း ၃၀၅ ကနေ သိန်း ၅၅၅ အထိသတ်မှတ်ထားပြီး Type C နဲ့ D ကိုတော့ ကျပ် ၂၈၅ သိန်း ကနေ ၅၃၅ အထိသတ်မှတ်ထားကြောင်း သိရပါတယ်။ အဲသည်အိမ်ရာကို Three Friends Construction က (၆၆) ရပ်ကွက်၊ ဂျိုးဖြူလမ်းနဲ့မောင်းမ ကန်လမ်း၊ ဧရာဝဏ်လမ်းမကြီး၊ တောင်ဒဂုံမြို့နယ်မှာ တည်ဆောက်နေေ ကြာင်း သိရပါတယ်။
မြကန်သာ
မြကန်သာကွန်ဒိုကို ပထမဦးဆုံး စာချုပ်ချုပ်တဲ့အခါ ၅၀ ရာ ခိုင်နှုန်းပေးချေ ရမှာဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ၁၀ လအတွင်းအရစ် ကျပေးချေမှုစနစ်နဲ့ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
iGreen Development က ပိုင်ဆိုင်ပြီးတော့ ဝ.၂၂၃ ဧက ကျယ်ဝန်းတဲ့ မြေေ ပ်ါမှာ စတုရန်း ပေ ၃၈၆၉၄ အကျယ်ရှိတဲ့ မြကန် သာကွန်ဒိုကိုဆောက်လုပ် မှာဖြစ်ပါတယ်။
အထပ်ပေါင်း ရှစ်ထပ်ရှိပြီး ပထမထပ်ကနေ ငါးထပ်အထိတစ်လွှာကို အခန်းခြောက်ခန်းပါဝင်မှာဖြစ်ပါတယ်။ ခြောက်လွှာနဲ့ ခုနစ်လွှာမှာ အခန်းငါး ခန်းပါဝင်မှာဖြစ်ပါတယ်။ Penthouse ရှစ် ခန်းလည်းပါဝင်ပါတယ်။
Room Type နှစ်မျိုးရှိတယ်လို့သိရပါတယ်။ Penthouse တွေကတော့ စတု ရန်းပေ ၃၇၀ ကနေ ၅၁၁ အထိကျယ်ဝန်းကြောင်းသိရပါတယ်။
အခန်းဈေးနှုန်းမှာ တစ်စတု ရန်းပေ ၁၆၀,ဝ၀ဝ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ ကားပါကင်ကို ground floor မှာထားရှိမှာဖြစ်ပြီး twin parking system နဲ့ တစ်ခန်းကိုတစ်စီးနှုန်းရပ်နိုင်မှာဖြစ်ပါတယ်။ ရှစ်ယောက် စီးဓာတ်လှေ ကားနှစ်စီးလည်း ပါဝင်ပါတယ်။
ကွန်ဒိုကို အမှတ် (73/C) မြ ကန်သာ(၄)လမ်း၊ သီရိမင်္ဂလာဈေးနဲ့ ISMေ ကျာင်းဈေးအနီး၊ လှိုင်မြို့နယ်မှာ ဆောက်လုပ်နေပြီး M.Arch က ဒီဇိုင်းဆွဲပြီး iGreen Construction က ဆောက်လုပ်မှာ ဖြစ်ကြောင်းသိရပါတယ်။
Credit: Myanmar Builder Guide