လွန်ခဲ့သောရှစ်လက ရန်ကုန်စတော့အိတ်ချိန်း၏ လေးခုမြောက်စာရင်းဝင် ကုမ္ပဏီအဖြစ်ဝင်ရောက်ခဲ့သော ပထမပုဂ္ဂလိကဘဏ်သည် အိတ်ချိန်း မှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်မှုများ ရှိလာနေသည်။
ပထမပုဂ္ဂလိကဘဏ်သည် သြဂုတ် ၂၇ ရက် ၂၆ ကြိမ်မြောက်အစည်းအဝေး တွင် အစုရှယ်ယာရှင်များ၏ သဘောတူညီချက် ၁၁ ချက်ကို ရယူခဲ့ပြီး ထိုသေ ဘာတူညီချက်များကိုလည်း ရန်ကုန်စတော့အိတ်ချိန်းက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ရှယ်ယာရှင်များ၏ အကျိုး စီးပွားအရ လိုအပ်ပါက ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီအဖြစ် မှ ပြန်လည်ထွက်ခွာ Delisting လုပ်ရန် ဒါရိုက်တာအဖွဲ့ကို အခွင့်အာဏာ အပ်နှင်းရေးဆိုသည့် သဘောတူညီချက်လည်း ပါဝင်သည်။
ပြီးခဲ့သော ဇန်နဝါရီ ၂ဝ ရက် ထိုဘဏ်စတော့အိတ်ချိန်းသို့ စတင်ဝင်ရောက် စဉ်က ဘဏ်၏ရှယ်ယာတစ်စုတန်ဖိုးမှာ ကျပ်၃,၄ဝဝဝ ဈေးပေါက်ခဲ့သော် လည်း ရှစ်လခန့်အကြာ ယခုအခါ ကျပ် ၂,၄ဝဝဝ သာရှိတော့သဖြင့် တစ်နှစ် မပြည့်မီပင် ကျပ် ၁ဝ,ဝဝဝ ဈေးကျသွားခဲ့ခြင်းဖြစ်သည်။ အိတ်ချိန်းသို့ဝင်ခါနီး ကာလကဆိုလျှင် ထိုဘဏ်၏ ရှယ်ယာဈေးမှာ ကျပ် ၃,၉ဝဝဝ အထိ ပေါက် ခဲ့သည်။
ရှယ်ယာဈေးကျဆင်းသည်မှာ ယင်းဘဏ်တစ်ခုတည်းမဟုတ်ဘဲ ကျန်အိတ် ချိန်းဝင်ကုမ္ပဏီများ၏ ရှယ်ယာဈေးများလည်းကျဆင်းနေခြင်း ဖြစ်သည်။
ထိုသို့ဘဏ်၏ ရှယ်ယာဈေးများ သိသိသာသာ ကျဆင်းလာပြီးနောက် ရှယ် ယာရှင်များ၏ အကျိုးစီးပွားအရ လိုအပ်လျှင် အိတ်ချိန်းမှ ပြန်လည်ထွက်ခွာရန် သဘောတူညီချက်တစ်ရပ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သို့သော်ငြားလည်း ယင်းဘဏ်အိတ်ချိန်းမှ ပြန်ထွက်မထွက်မှာမူ ယတိပြတ် မပြောနိုင်သေးပေ။
''ဒါက ဒါရိုက်တာအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အတွက် အစုရှယ်ယာရှင်တွေရဲ့ သဘော တူညီချက်ကို ရယူအတည်ပြုထားတဲ့ အခြေအနေပါ။ တကယ်တမ်း Delisting (အိတ်ချိန်းမှပြန်လည်ထွက်ခွာမှု) လုပ်ဖို့က ဈေးကွက်အခြေအနေ ကို စောင့်ကြည့်ဦးမှာပါ။ လောလောဆယ်မှာတော့ ဘာမှ အတိအကျ မပြောနိုင်သေးပါဘူး''ဟု ယင်းဘဏ်၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာနှင့် ကုမ္ပဏီဘုတ်အဖွဲ့၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးဇော်မြင့်က စက်တင်ဘာ ၁ဝ ရက်က ကျင်းပသော ရန်ကုန်စတော့အိတ်ချိန်းပြပွဲတွင် တွေ့ ဆုံစဉ် မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော စတော့အိတ်ချိန်းဖြစ်သည့် ရန်ကုန်စတော့ အိတ်ချိန်းကို ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ လက်ရှိ တွင် သက်တမ်းနှစ်နှစ်နီးပါး ရှိပြီဖြစ်သည်။ စတော့ရောင်းဝယ်မှုကို ၂ဝ၁၆ ခုနှစ်၊ မတ်လတွင် စတင်ခဲ့ပြီး ထိုနှစ်ကမူ ဈေးကွက်အရောင်း အဝယ်အားေ ကာင်းခဲ့သည်။ သို့ရာတွင် စာရင်းဝင်ကုမ္ပဏီ လေးခုရှိလာပြီးချိန်မှ စတင်ကာ ရှယ်ယာရောင်းဝယ်ဈေးနှုန်းများသည် အကျပိုင်းကို ဆက်တိုက်ဦးတည်လာခဲ့ သည်။
ထိုအခြေအနေတွင် ပထမပုဂ္ဂလိကဘဏ်က အိတ်ချိန်းမှ ပြန်ထွက်ရန် စဉ်းစားသည့် အခြေအနေများ ပေါ်ပေါက်လာနေခြင်းသည် ရန်ကုန်စတော့ အိတ်ချိန်း၏ ပုံရိပ်ကို များစွာထိခိုက်လာနိုင်သဖြင့် ယတိပြတ် မဆုံးဖြတ်ရေ သးသည့် ယခုအချိန်တွင် မထွက်ဖြစ်အောင် လုပ်ဆောင်သင့်သည်ဟု ယခု အိတ်ချိန်းကို ကမကထပြု စတင်တည်ထောင်ခဲ့သည့် စီမံ/ဘဏ္ဍာ ဒုဝန်ကြီးေ ဟာင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
''အခုချိန်က စတော့အိတ်ချိန်းနဲ့ အရင်းအနှီးဈေးကွက်ကို ဖွံ့ဖြိုးလာအောင် အားသွန်ကြိုးစားရမယ့် အချိန်ဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ စာရင်း ဝင်ကုမ္ပဏီထဲက တစ်ခုက Delisting လုပ်သွားမယ်ဆိုလို့ရှိရင် စတော့ အိတ်ချိန်းရဲ့ ပုံရိပ်က အရမ်းကို ဆိုးရွားသွားနိုင်တယ်။ တိုးတက်ရေးခြေလှမ်းေ တွလည်း နှေးကွေးသွားတာမျိုး ဖြစ်သွားနိုင်တယ်''ဟု ၎င်း၏အမြင်ကို ပြော သည်။
ပထမ ပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာများစွာကို ပိုင်ဆိုင်သည့် အမည် မဖော်လိုသောရှယ်ယာရှင်တစ်ဦးက ''(ဒါရိုက်တာ) ဘုတ်အဖွဲ့ရဲ့ ဆုံးဖြ တ်ချက်အတိုင်းပဲ လက်ခံရမှာပေါ့။ စာရင်းဝင် ဖြစ်ဖြစ် မဖြစ်ဖြစ် ကုမ္ပဏီရဲ့ေ ဆာင်ရွက်ချက်ကိုပဲ ယုံကြည်ပေးရမှာပါ''ဟု မြန်မာတိုင်း(မ်)ကိုပြောသည်။
ပထမပုဂ္ဂလိကဘဏ်သည် ရှယ်ယာရှင်ပေါင်း ၈,၄ဝဝ ကျော်ရှိပြီး ခွင့်ပြုမ တည် ရင်းနှီးငွေကျပ် ၁ဝဝ ဘီလျံထိ ရရှိထားကာ ထည့်ဝင်ထားပြီးသည့် မတည်ငွေမှာ ကျပ် ၂၄ ဒသမ ၇၂ ဘီလျံရှိသည်။ ဘဏ်ခွဲပေါင်း ၃၄ ခုလည်း ဖွင့်လှစ်ထားသည်။
စတော့အိတ်ချိန်းဆိုင်ရာ စည်းမျဉ်းဥပဒေများအရမူ စာရင်းဝင်အမည်ပေါက်ပြီး ကုမ္ပဏီတစ်ခုသည် အိတ်ချိန်းမှ ပြန်လည်ထွက်ခွာလိုလျှင် ခိုင်မာရေရာသော အကြောင်းပြချက်ပေးရမည်ဖြစ်ပြီး ထိုအချက်ကိုလည်း အိတ်ချိန်းကို အုပ်ချုပ် သည့် ကော်မရှင်က လက်ခံမှသာ ထွက်ခွာခွင့်ရှိကြောင်း အိတ်ချိန်း၏ တာဝန် ရှိသူအရာရှိများက ပြောသည်။
Credit: Myanmar Time