လာ မည့်နှစ်နှစ်အတွင်းအငြိမ်းစားယူ မည့်ဝန်ထမ်းများ နေချင်သည့်နေ ရာတွင် အိမ်ရာများ ဦးစားပေးဆောက် လုပ်သွားမည်ဖြစ်ပြီး နေချင်သည့် နေရာအတွက် ၀န်ထမ်းများထံ သဘောများတောင်းခံနေခြင်းဖြစ် ကြောင်းသိရသည်။
ထိုသို့ဆောက်လုပ်ပေးရန်အ တွက် ၀န်ထမ်းများအငြိမ်းစားယူပြီး နောက် မည်သည့်နေရာတွင်အခြေ ချနေထိုင်လိုကြောင်း သဘောထား ကိုတောင်းခံနေပြီး ရလဒ်အပေါ်မူ တည်ကာ ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်လွင်က ဒီမို ကရေစီတူဒေးသို့ စက်တင်ဘာ၁၆ ရက်က ပြောသည်။
"၀န်ထမ်းမိသားစုပင်စင်သွား ရင် သူတို့ဘယ်နားအခြေချချင်သလဲ။ သူတို့တွေက ဥပမာထားပါတော့။ ကချင်မှာရောက်နေတယ်၊ ရန်ကုန် မှာမိသားစုရှိတယ်။ သူပင်စင်သွား ရင် အဲဒါ့ဆို သူနေချင်တဲ့နေရာမှာ ကျွန်တော်တို့က အဓိကဖြစ်အောင် ဆောက်ပေးတာ၊ ၀န်ထမ်းတွေရဲ့လို အပ်ချက်အရ သူဘယ်နားနေချင်လဲ စာရင်းကောက်တယ်။ စာရင်းကောက် စုစည်းပြီးတော့ လုပ်တာဖြစ်တယ် " ဟု ၎င်း က ဆိုသည်။
ဝန်ထမ်းများအဓိကနေလိုသည့် နေရာများကိုသိရှိပြီးမှသာ ဒေသ အလိုက် လိုအပ်မည့်အရေအခန်း အရေအတွက်ကို တွက်ချက်ဆောက် လုပ်မည်ဖြစ်ပြီး လက်ရှိကောက်ခံ ထားသည့်စစ်တမ်းများအရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် နေထိုင်လိုသူ အတန်အသင့်များနေ သဖြင့် ယင်းသုံးနေရာတွင်ဆောက် လုပ်ရန်လျာထားခြင်း ဖြစ်ကြောင်း သိရသည်။
"အခုကတော့ ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် သုံးနေရာကို အကြမ်းဖျင်းတော့ တင်ထားတယ်။ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တော့ ဥပမာ မွန်ပြည်နယ်မှာ ဘယ်လောက်နေ ချင်သလဲ၊ ကချင်မှာရောစသဖြင့်ပေါ့၊ ဒါတွေက တစ်တိုင်းပြည်လုံးက ၀န်ထမ်းတွေ ရဲ့လိုအပ်ချက်တွေကို ဆန်းစစ်ပြီးတော့မှ ကျွန်တော်တို့က ဆောက်မှာ။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး ဒါတော့သေချာတယ်။ ကျန် တဲ့ပြည်နယ်တွေကျတော့ လိုအပ် ချက်အရ ကျွန်တော်တို့ကဆောင် ရွက်သွားမယ် "
ဟု ဒုတိယညွှန်ကြား ရေးမှူးချုပ်က ဆက်လက်ပြောသည်။
လက်ရှိတွင် ရန်ကုန်၌အငြိမ်း စားဝန်ထမ်းအိမ်ရာ အလုံး၂၀ကျော် ဆောက်လုပ်ရန် အကြမ်းဖျင်းမှန်း ထားကြောင်း၊ ယင်းသို့ဆောက်လုပ် နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်း ဒေသကြီးအစိုးရများနှင့် မြေနေရာ အတွက် ညှိနှိုင်းလုပ်ဆောင်နေကြောင်း ရန်ကုန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ၌ ခြောက်ထပ်အမြင့်ရှိ လေးခန်းတွဲ၊ ရှစ်ခန်းတွဲ၊ ၁၂ခန်းတွဲ အိမ်ရာများ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများသည် ယင်းအိမ်ရာများကို အရစ်ကျစနစ် ဖြင့်ဝယ်ယူရမည်ဖြစ်သည်။
Credit: Democracytoday