ပြင်ဦးလွင် အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်သိသိသာသာ သွက် လက်ခြင်း မရှိပေမဲ့ အငှားဈေးကွက်မှာ ဈေးနှုန်းတွေ မြင့်မားနေဆဲဖြစ်တယ် လို့ သိရပါတယ်။
မန္တလေး- လားရှိုးလမ်းအငှားဈေးဆိုရင် ဈေးကောင်းရတယ်၊ အငှားတစ်လကို ကျပ်သိန်း ၃၀၊ ၂၅ သိန်းဈေးရနေပါတယ်၊ အနိမ့်ဆုံး ၁၅ သိန်းလောက်ဆို ပစ္စည်းရှားနေပါတယ်၊ အရောင်းအဝယ်ပိုင်း မှာဆိုရင်လဲ ကျပ်သိန်း ၅၀ဝ နဲ့ ၁၀ဝ၀ ကြားတွေ အရောင်းအဝယ်ဖြစ်လာပါတယ်လို့ အိမ်ခြံမြေအကျိုးေ ဆာင် ဒေါ်ခင်စောမြင့်က ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာ မန္တလေး – လားရှိုးလမ်းလို အဓိကကျတဲ့ လမ်းမပေါ် အိမ် ခြံ မြေ ဈေးနှုန်းတွေက သိသိသာသာမြင့်မားနေပြီး အတွင်းပိုင်းကျတဲ့နေ ရာတွေမှာလည်း အငှားဈေးကွက်က ပုံမှန်လည်ပတ်နေတယ်။ ၂၀၁၁ ခုနှစ် တုန်းကလို ထူးထူးခြားခြားသွက်လက်ခြင်း မရှိသေးပေမဲ့ ကြိုက်ရောင်းကြိုက် ဝယ်ပုံစံနဲ့အရောင်းအဝယ်ကောင်းနေတယ်လို့သိရပါတယ်။
မြို့တွင်းပိုင်းအငှားဈေးတွေကတော့ ကျပ်သုံးသိန်း၊ ငါးသိန်းအစားစားရှိပြီး ပုံမှန် လည်ပတ်နေကြောင်း သိရပါတယ်။
Credit: The Kumudra