နေပြည်တော်၌ နိုင်ငံခြားသံရုံးများ တရားဝင်ပြောင်းရွှေ့ခွင့်ပြုခြင်းကြောင့် တရုတ်နိုင်ငံယာယီသံရုံး လာရောက်ဖွင့်လှစ်ခြင်းနှင့် တခြားနိုင်ငံခြားသံရုံးများမကြာမီဖွင့်လှစ် တော့မည်ဖြစ်သည့်အတွက် အိမ်ခြံမြေနှင့် မြေငှားဈေးကွက်များ အရောင်းအဝယ်ဖြစ်လာနိုင်ကြောင်း ပျဉ်းမနားမြို့ရှိ ညီလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးညီညီကပြောသည်။
''အဓိကစည်ကားသွားမဲ့နေရာတွေကတော့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နဲ့ ဇေယျာသီရိမြို့နယ်လိုနေရာမျိုးပေါ့ နယ်ပယ်က နေပြည်တော်ကရုံးတွေ အများကြီးနဲ့နီးတယ်။ ရွှေကြာပင်ရပ်ကွက်ဆိုတာ ဒက္ခိဏသီရိမြို့နယ်အဝန်းထဲမှာလေ၊ နေပြည်တော်မဏိ ရတနာကျောက်စိမ်းခန်းမရဲ့ ဝန်းကျင်နေရာမျိုးတွေပေါ့၊ အဲဒီနေရာ တွေက အရမ်းစည်ကားသွားမယ့်နေရာတွေဖြစ်တယ်။ ကိုယ်နေရင် လည်း ထားကောင်းရောင်းစွံပေါ့ ရွှေကြာပင်ရပ်ကွက်၊ သပြေကုန်းရပ် ကွက်လိုနေရာမျိုးပေါ့ အဲဒီနေရာတွေက အရမ်းစည်ကားမယ့်နေရာမျိုး ပေါ့''ဟု ဦးညီညီကပြောသည်။
နေပြည်တော် သံတမန်ဇုန်နှင့်နီးသော နေပြည်တော် ဇဗ္ဗူသီရိမြို့ နယ် သပြေကုန်းရွှေကြာပင် ဒက္ခိဏသီရိမြို့နယ်ရှိ အိမ်ခြံမြေအရောင်း အဝယ်ဈေးကွက်နှင့် မြေငှားဈေး ကွက်များ အရောင်းအဝယ်ဖြစ်လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးညီညီ၏ပြောကြားချက် အရသိရသည်။ နေပြည်တော် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်သည် ၂ဝ၁ဝ/၂ဝ၁၂ ခုနှစ်များက အရောင်းအဝယ်ကောင်းမွန်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်နောက်ပိုင်း နေပြည်တော်အိမ်ခြံမြေဈေးကွက်အရောင်းအဝယ် လုံးဝမဖြစ်ခဲ့သည်မှာ ကြာမြင်ခဲ့ပြီဖြစ်ကြောင်း ဈေးကောင်းချိန် သိန်းတစ် ထောင်ပေါက်သည့် ပေ ၄ဝ ထ ၆ဝ မြေကွက်တစ်ကွက်မှာ ယခုအချိန်တွင် သိန်းငါးရာ၊ ခြောက်ရာလောက်သာရှိကြောင်း သိရသည်။
Credit: Democracytoday