မြန်မာ့ချေးငွေအာမခံ ဥပဒေရေးဆွဲရန် အကြံပေးအဖွဲ့ ကို ဦးစွာဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း အထွေ ထွေမန်နေဂျာဦးခင်မောင်ဝင်းက ပြောသည်။
အကြံပေးအဖွဲ့ကို မြန်မာ့ အာမခံလုပ်ငန်း မန်နေဂျင်းဒါရိုက် တာက ဦးဆောင်မည်ဖြစ်ပြီး ဗဟို ဘဏ်မှ တာဝန်ရှိသူများ၊ ရှေ့နေ များ၊ သက်ဆိုင်ရာအဖွဲ့အစည်း များမှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်သည်။
ဥပဒေရေးဆွဲပြီးပါက နိုင်ငံ တကာမှ အကူအညီများ၊ နည်း ပညာနှင့် အထောက်အပံ့များ ရရှိ လာနိုင်မည်ဟု ဦးခင်မောင်ဝင်း ကဆိုသည်။
‘‘ဥပဒေရေးဆွဲတဲ့အကြောင်း ရင်းက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မီသွားအောင်ရယ်၊ ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်တာပါ။ အခုမှ ဆွဲဖို့အကြံပေး အဖွဲ့ ဖွဲ့တုန်းပဲရှိပါတယ်။ ဥပဒေ ရေးဆွဲဖို့ ဘယ်အချိန်စမယ် စတဲ့ အသေးစိတ်အချက်အလက်တွေ က ပြောလို့မရသေးပါဘူး။ ဆွဲပြီး မှ ပြောပါမယ်’’ဟု ဦးခင်မောင် ဝင်းက ပြောသည်။
မြန်မာ့အာမခံလုပ်ငန်းသည် နိုင်ငံပိုင်လုပ်ငန်းဖြစ်ကာ လက်ရှိ ဆောင်ရွက်နေသည့် ချေးငွေအာ မခံလုပ်ငန်းသည် နိုင်ငံတော်က တာဝန်ပေးအပ်မှုဖြင့် ဆောင်ရွက် ခြင်းဖြစ်ပြီး ချေးငွေအာမခံ ဥပဒေ မထွက်ရှိသေးသော်လည်း လုပ် ငန်းစဉ်များ တရားဝင်ဖြစ်သည်ဟု ၎င်းကဆိုသည်။
‘‘အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့အခါ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲ တွေထဲမှာ ငွေအရင်းအနှီးကလည်း တစ်ခုဖြစ်တယ်ဆိုတာ သိရပါ တယ်။ ငွေအရင်းအနှီးချေးငွေရရှိ နိုင်မယ့် ဘဏ်တွေ၊ အာမခံလုပ် ငန်းတွေရှိတာက သူတို့အတွက် ပိုအဆင်ပြေစေပါတယ်’’ဟု အ သေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဌာန ညွှန်ကြားရေးမှူးဒေါ်ရီရီခိုင် က ပြောသည်။
မြန်မာ့အာမခံလုပ်ငန်း အနေဖြင့် ချေးငွေအာမခံ Credit Guarantee Insurance ကို ၂၀၁၄ ဇူလိုင် ၁ ရက်က စတင် ဆောင်ရွက်ခဲ့ပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များ ဖွံ့ဖြိုးရေးငွေကြေးကဏ္ဍ အနေဖြင့် အထောက်အပံ့ရရှိ စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့အပြင် အသေးစား၊ အလတ် စား စီးပွားရေးလုပ်ငန်းများကို အပေါင် ပစ္စည်းမဲ့ ငွေထုတ်ချေး မည့်ဘဏ် လုပ်ငန်းအတွက် ဆုံးရှုံးနစ်နာမှုကို အကာအကွယ် ပေးရန်လည်း ပါဝင်သည်။
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို ချေး ငွေထုတ်ပေးနေသည့် ဘဏ် ခြောက်ခုသည် သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘော ဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်တို့ ဖြစ်သည်။
Credit: 7DayDaily