တိုင်းအစိုးရအစီအစဉ်ဖြင့် ပြင်ဦးလွင်အနီးရှိ မြေဧကတစ်သောင်းပေါ်တွင် မြို့သစ်စီမံကိန်းဖော်ဆောင်မည်

တိုင်းအစိုးရအစီအစဉ်ဖြင့် ပြင်ဦးလွင်အနီးရှိ မြေဧကတစ်သောင်းပေါ်တွင် မြို့သစ်စီမံကိန်းဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
18 Sep 2017 11:29 am တွင် တင်ခဲ့သည်
9541 ကြိမ် ကြည့်ရှု့ပြီး
ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်မပေးတော့ဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြင်ဦးလွင်မြို့အနီးရှိ မြေဧက ၁၀,၀၀၀ ပေါ်တွင် မြို့ သစ်စီမံကိန်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့တာ ၀န်ရှိသူများက ပြောသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ပြီး မအောင်မြင်ဘဲ ရပ်နား ခဲ့သည့် ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံဆိုက်ဘာစီးတီးမြို့သစ်စီမံ ကိန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ကာ စံပြ အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီးစီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦး မြတ်သူက ပြောသည်။

‘‘လာမယ့်သုံးလအတွင်းမှာ စတင်မယ်’’ ဟု ဦးမြတ်သူကပြောသည်။ ရတနာပုံမြို့သစ်စီမံကိန်းကို ဆက်သွယ်ရေးနှင့် နည်းပညာ ကဏ္ဍများဖွံ့ဖြိုးလာစေရန် ရည် ရွယ်ကာ ၂၀၀၆ တွင် ဆက်သွယ် ရေးဝန်ကြီးဌာနက စတင်အ ကောင်အထည်ဖော် တည် ဆောက်ခဲ့သည်။ သို့သော် ၂၀၁၀ ၀န်းကျင်တွင် အကြောင်းအမျိုးမျိုး ကြောင့် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်း ခဲ့ပြီး လက်ရှိ၌ အဆိုပါစီမံကိန်း ဧရိယာအတွင်း ဆက်သွယ်ရေး သင်တန်းကျောင်းတစ်ခု၊ မိုဘိုင်း ဖုန်းစက်ရုံနှင့် Kodak ကင်မရာမှန် ဘီလူးစက်ရုံများ လုပ်ငန်းလည် ပတ်နေသည်ဟု ၎င်းကပြော သည်။

အဆိုပါရပ်ဆိုင်းထားသည့် ရတနာပုံမြို့သစ်စီမံကိန်းကို ပြီးခဲ့ သည့် ဩဂုတ်အတွင်းက ပြည် ထောင်စုဝန်ကြီးများနှင့် တိုင်းဒေ သကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ များက သွားရောက်စစ်ဆေးပြီး နောက် ယခုကဲ့သို့ပြန်လည်လုပ် ကိုင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆို သည်။

အစိုးရသက်တမ်းလက်ကျန် သုံးနှစ်ခွဲအတွင်း ရတနာပုံဆိုက် ဘာစီးတီးစီမံကိန်းတစ်ခုလုံးပြီးစီး အောင် လုပ်ဆောင်နိုင်မည် မဟုတ်သော်လည်း ဖွံ့ဖြိုးရေးစီမံ ကိန်းများ မည်ကဲ့သို့လုပ်ဆောင် ရသည်ကိုသိရှိရန် မျိုးစေ့ချထား ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့် မောင်က စက်တင်ဘာ ၁၂ ရက် က RFA သတင်းဌာနနှင့် အင်တာ ဗျူးတွင် ပြောသည်။

လက်ရှိတွင် ရတနာပုံဆိုက် ဘာစီးတီးစီမံကိန်းဧရိယာအတွင်း အခြေခံအဆောက်အအုံအ ချို့ဆောက်လုပ်ပြီးစီးပြီဖြစ်ကာ စီမံကိန်းမြေဧရိယာ ၁၀,၀၀၀တွင် အကျဉ်းဦးစီးဌာနသို့ မြေဧက ၁,၀၀၀ ပေးအပ်ထားပြီး ကျန်မြေ ဧက ၉,၀၀၀ တွင်လွတ်နေသည့် မြေဧက ၆,၀၀၀ ခန့်ရှိသည်ဟု ဦး မြတ်သူက ပြောသည်။ စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့်မြေ ယာများအတွက် လျော်ကြေးငွေ များပေးအပ်ထားပြီးဖြစ်ကာ စက် မှုဂရန်ရရှိရန် လုပ်ဆောင်မည်ဟု ၎င်းကဆိုသည်။

‘‘ဒီစီမံကိန်းက နိုင်ငံ့ဘဏ္ဍာ ငွေနဲ့ဆောက်လုပ်ထားတာဖြစ်လို့ နစ်နာတယ်။ မဖြစ်မနေပြန်အ ကောင်အထည်ဖော်ရမယ်’’ ဟု ဦးမြတ်သူက ဆိုသည်။

စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းများကို ပြည်ထောင်စု အစိုးရအဖွဲ့က ချမှတ်သည့်မူဝါဒ များနှင့်အညီ တိုင်းဒေသကြီးအစိုး ရအဖွဲ့က အနီးကပ်ကြီးကြပ်လုပ် ဆောင်မည်ဖြစ်ပြီး လက်ရှိအစိုးရ သက်တမ်းမကုန်ဆုံးမီ စီမံကိန်း၏ သုံးပုံတစ်ပုံခန့်ပြီးစီးရန် ကြိုးစား မည်ဟု ဦးမြတ်သူက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း မြို့သာစက်မှုဥယျာဉ်စီမံ ကိန်း၊ အမရပူရမြို့ပြ(ရှမ်းကလေး ကျွန်း)မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် တောင်သမန်သစ္စာ အပန်းဖြေဟိုတယ်စီမံကိန်းစသည့် မြို့ပြ စီမံကိန်းများ လုပ်ဆောင်နေသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service