မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လုပ်ကိုင် လျက်ရှိရာတွင် လုပ်ငန်းများသာမက ငွေပင်ငွေရင်းများပါ စီးဝင်လာစေေ ရး ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ေ ထာင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
“ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတာရှိပါ တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့အခုစဉ်းစားပြီး အကောင်အထည်ေ ဖ်ာဖြစ်အောင်လည်း ဖော်ပါမယ်။ အဲဒါက ကျွန်တော်တို့နိုင်ငံထဲမှာရှိတဲ့ ငွေ ပင်ငွေရင်းက အကန့်အသတ်ရှိပါတယ်။ အတိုင်းအဆတွေလည်း ရှိပါတယ်။ အဲဒီတော့ လုပ်သာကိုင်သာရှိဖို့ဆိုရင် ဒီလောက်နဲ့ မလုံလောက်ပါဘူး။ ဒါေ ကြာင့် Development Bank တစ်ခု ထူထောင်ပါမယ်” ဟု ပြည်ထောင်စု ၀န် ကြီး ဦးကျော်ဝင်းက ဆိုသည်။
“အဲဒါအခါကျတော့ ပြည်ပက ငွေပင်ငွေရင်းတွေ စီးဝင်လာဖို့ များပြားလာ ပါလိမ့်မယ်။ ဒါကိုစဉ်းစားပြီး ဆောင်ရွက်သွားပါမယ်။ MEB ကလည်း Development Bank တစ်ခုထူထောင်ဖို့ ဗဟိုဘဏ်နဲ့ ဆွေးနွေးနေပါတယ်။ ဒီလိုလုပ်ငန်းမျိုးတွေကို ထူထောင်မယ်ဆိုရင် ဥပမာအားဖြင့် Credit Bureau လို လုပ်ငန်းမျိုးတွေ လုပ်သင့်ရင်လုပ်ကြရမယ်။ ငွေပင်ငွေရင်းတွေ စီးဝင် လာဖို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများမှ လုပ်ငန်းများသာမက ငွေပင်ငွေ ရင်းများပါ စီးဝင်လာစေဖို့ ဆောင်ရွက်ရမယ်။ ဒီငွေတွေစီးဝင်လာမှ ကျွန်တော်တို့ရဲ့ ငွေပင်ငွေရင်းပြည့်ဝတဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ ရှိ တဲ့ ပြည်တွင်းမှာရှိတဲ့ သယံဇာတတွေ၊ ကျွမ်းကျင်မှု အတတ်ပညာတွေ ပညာ ရှင်တွေ ဒါတွေက ကျွန်တော်တို့အတွက် အင်အားတွေပဲ။ ဒီပုဂ္ဂိုလ်တွေရဲ့ အင်အားတွေအပြည့်အ၀ အသုံးချနိုင်ပြီဆိုရင် တိုးတက်လာမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၈၈ ဘီလျံကျော် ၀င်ရောက် လျက်ရှိပြီး စင်ကာပူနိုင်ငံက အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်၊ သတင်းထုတ်ပြန်ချက် အမှတ်စဉ်(၁၀/ ၂၀၁၇) အရ သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၇ ခုနှစ် သြဂုတ်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂၀ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၁ ဘီလျံ ကျော်(ဒေါ်လာ ၃၁၄၃ ဒသမ ၅၀၇ သန်း) ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအ၀င် စုစုေ ပါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ နီးပါး (ဒေါ်လာ ၃၆၉၆ ဒသမ ၄၄၂ သန်း) စီးဝင်ခြင်းဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာ နှစ်အတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံ မှုပမာဏ ဒေါ်လာ ၁၈၉ ဒသမ ၆၀၀ သန်း ခွင့်ပြုခဲ့ခြင်းဖြစ်သဖြင့် စုစုေ ပါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၈၈ ဘီလျံ (၃၈၈၆ ဒသမ ၀၄၃ သန်း) စီးဝင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လြာေ ခာက်ဘီလျံရရှိရန် မျှော်မှန်းထားပြီး လက်ရှိအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ အားကောင်းကောင်းဖြင့် ၀င်ရောက်လျက်ရှိကြောင်း သိရသည်။
Credit: Eleven Media Group