အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် တွင် မီချီဂန်တက္ကသိုလ်နှင့်မီချီဂန်သယ် ယူပို့ဆောင်ရေးဌာနတို့ပူးပေါင်းကာ မောင်းသူမဲ့ကားများကို အန္တရာယ်ကင်း ကင်းနှင့်စမ်းသပ်နိုင်ရန် မြို့အတုကိုတည် ဆောက်ထားသည်ဟု သိရသည်။
၃၂ ဧကကျယ်ဝန်းသော Mcityသည် လမ်းဆုံများ၊လမ်းညွှန်ဆိုင်းဘုတ် များ၊မီးပွိုင့်များ၊အဆောက်အအုံမျက်နှာ စာအတုများ၊လူသွားလမ်းများပါဝင်သော မြို့ပြပတ်ဝန်းကျင်အတုကို ပထမဆုံးဖန် တီးတည်ဆောက်မှုဖြစ်သည်။
MCity ၏ အစိတ်အပိုင်းအများစုမှာ ရွှေ့ပြောင်းနိုင် သောကြောင့် အင်ဂျင်နီယာများက မြို့၏ အခင်းအကျင်းကိုစိတ်ကြိုက်ပြောင်းလဲနိုင်သည်။ ၎င်းအပြင် Mcityတွင် မောင်း သူမဲ့ကားများ၏တုံ့ပြန်နိုင်စွမ်းကိုစမ်းသပ်ရန် ကားရှေ့တွင် ရုတ်တရက်လူခုန်ဝင် လာသည့်သဏ္ဌာန်ပြုလုပ်နိုင်သည့်စက် ရုပ်အစိတ်အပိုင်းများလည်းရှိသည်။
MCity ၏တာဝန်ရှိသူများက''အန္တရာယ် များတဲ့စမ်းသပ်မှုတွေကို လူတွေသွားလာ နေတဲ့လမ်းတွေပေါ်မှာလုပ်လို့မရပါဘူး။ ဒီနေရာက နည်းပညာသစ်တွေကို စမ်း သပ်ဖို့အကောင်းဆုံးနေရာပါ။MCity မှာ အဆောက်အအုံအတုတွေ၊ လူသွားလမ်း အတုတွေကိုဖန်တီးရတာ တစ်ကယ့်စိန် ခေါ်မှုတစ်ခုပါပဲ''ဟု ဆိုခဲ့သည်။
မောင်းသူ မဲ့ယာဉ်နည်းပညာဈေးကွက်သည် ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၄၂ ဘီလျံအထိရှိလာ လိမ့်မည်ဖြစ်ပြီး ၂၀၃၅ ခုနှစ်၌ ကမ္ဘာ့ကား ဈေးကွက်ထဲသို့ဝင်ရောက်လာနိုင်မည်ဟု မျှော်မှန်းထားကြကြောင်း သိရသည်။
Credit: Pyi Myanmar