Nok Air လေကြောင်း လိုင်းက ရန်ကုန်နှင့် မဲဆောက်လေကြောင်းလိုင်းသစ် ကို ပထမဆုံး စတင်တိုးချဲ့ ပြေးဆွဲမည်ဖြစ် သည်။
ခရီးစဉ်ကို အောက်တိုဘာတွင် စတင်မည်ဖြစ်ပြီး တစ်ပတ်လျှင် သုံးရက်ပျံ သန်းပြေးဆွဲရန် Nok Air က ရည်ရွယ်ထားသည်။
ရန်ကုန်နှင့် မဲဆောက်လေ ကြောင်းလိုင်းသစ်သည် မြန်မာနိုင်ငံတွင် အခြားေ လကြောင်းလိုင်း များ၌ ပြေးဆွဲခြင်း မရှိသေးသော ကြောင့် Nok Air က ပထ မဆုံး စတင်ပြေးဆွဲခြင်းဖြစ်သည်။
‘‘ဒီလေကြောင်းလိုင်းသစ်က စီးပွားရေးသမားတွေအတွက် ရော၊ ခရီးသွားေ တွအတွက်ရော အများကြီး အကျိုးရှိအသုံးဝင်မယ့် လိုင်းတစ်ခုဖြစ်လာမှာပါ။ အထူး သဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက်လည်း အများကြီး အကျိုးရှိ မှာ ဖြစ်ပါတယ်’’ ဟု Nok Air စီအီးအို Mr.Patee Sarasin က ပြောသည်။
ရန်ကုန်-မဲဆောက်ခရီးစဉ် ကို တစ်ပတ်လျှင် အင်္ဂါ၊ သောကြာနှင့် တနင်္ဂနွေေ န့တို့တွင် ခရီး သည် ၈၀ ကျော်တင်ဆောင်နိုင်သော ATR လေယာဉ်အမျိုး အစားဖြင့် ပျံသန်း ပြေးဆွဲမည်ဖြစ်ကြောင်း Nok Air သတင်းထုတ် ပြန်ချက်
၌ ဖော်ပြထားသည်။
Nok Air လေကြောင်းလိုင်း သည် လက်ရှိတွင် ရန်ကုန်နှင့် ဘန်ကောက်၊ ရန်ကုန်နှင့်ဟနွိုင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲနေပြီး ယခုပြေးဆွဲမည့် ခရီးစဉ်သစ်အတွက် ကုန်ကျစရိတ်ကို ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် လက်ရှိလေ ယာဉ်ကွင်း ၆၉ ခုအနက် အပြည်ပြည်ဆိုင် ရာ လေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ် ၃၁ ခုရှိပြီး အ ပြည်ပြည်ဆိုင် ရာ လေကြောင်း လိုင်း ၂၈ လိုင်းနှင့်ပြည်တွင်းလေ ကြောင်းလိုင်း ၁၀ လိုင်းပြေးဆွဲ နေသည်။
Credit: 7DayDaily