ရှယ်ယာဈေးကျ ဆင်းနေသော်လည်း ရန်ကုန်စ တော့အိတ်ချိန်းမှ ပထမပုဂ္ဂလိက ဘဏ် နုတ်ထွက်ရန်မဖြစ်နိုင် ကြောင်း ဘဏ္ဍာရေးနှင့် စီမံကိန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းဝင်ပြီးလျှင် ချေးငွေ သက်သေခံလက် မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) နှင့် ရန်ကုန်စတော့အိတ်ချိန်း ခွင့် ပြုချက်ရရှိမှသာ နုတ်ထွက်ခွင့်ရ မည်ဖြစ်ကြောင်း SECM ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
ပထမပုဂ္ဂလိကဘဏ်သည် ရန်ကုန်စတော့အိတ်ချိန်းသို့ ၂၀၁၇ ဇန်န၀ါရီ ၂၀ ရက်တွင် စတင်ဝင်ရောက်ခဲ့၍ ရှယ်ယာ တစ်စုလျှင် အခြေခံဈေးနှုန်း ကျပ် ၃၉,၀၀၀ သတ်မှတ်ခဲ့သော်လည်း ယင်းရက်တွင် ရှယ်ယာဈေးကျ ဆင်းကာ ကျပ် ၃၄,၀၀၀ ဖြင့် အ ရောင်းအ၀ယ်ဖြစ်ခဲ့ပြီး စက်တင် ဘာ ၁၂ ရက်တွင် ရှယ်ယာဈေး သည် ကျပ် ၂၄,၀၀၀ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်စတော့အိတ်ချိန်းမှ ပထမပုဂ္ဂလိကဘဏ် နုတ်ထွက် မည်ဟု ကုမ္ပဏီ ဘက်က သတင်း ထွက်ပေါ်ချိန်တွင် ရှယ်ယာတန်ဖိုး အနည်းငယ် မြင့်တက် ခဲ့သော် လည်း အရောင်းအ၀ယ်ကျဆင်း လာသည်။
ရန်ကုန်စတော့အိတ်ချိန်း အစပျိုးနေသော ကာလဖြစ်၍ စာရင်းဝင်အများ ပိုင်ကုမ္ပဏီအ မြောက်အမြားရှိလာချိန်တွင် စ တော့အိတ်ချိန်းအတွက် မထိ ခိုက် သော်လည်း လက်ရှိအချိန်တွင် နုတ်ထွက်ပါက ထိခိုက်နိုင်ကြောင်း ဒုဝန် ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
ရှယ်ယာဈေးများ ဆက် တိုက်ကျဆင်းလာခြင်းကြောင့် ရန်ကုန်စတော့ အိတ် ချိန်းစာရင်း ၀င်ကုမ္ပဏီအဖြစ်မှ နုတ်ထွက်ရန် ပထမပုဂ္ဂလိကဘဏ် ဒါရိုက် တာ အဖွဲ့က စဉ်းစားနေပြီး အစုရှယ် ယာရှင်များ၏ ဆန္ဒကို တောင်းခံ ထားကြောင်း ပထမပုဂ္ဂလိက ဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်က ဆိုသည်။
လက်ရှိရန်ကုန်စတော့အိတ် ချိန်းတွင် အများပိုင်ကုမ္ပဏီလေးခု သည် စာရင်း ၀င်ကုမ္ပဏီအဖြစ် ရှယ်ယာများရောင်းချနေပြီး ပထမပုဂ္ဂလိဘဏ်သည် လေး ခု မြောက် စာရင်းဝင်ခဲ့သော ဘဏ် လုပ်ငန်းကုမ္ပဏီဖြစ်သည်။ သြဂုတ် ၂၅ ရက်တွင် ရှယ်ယာစုစု ပေါင်း ကျပ်သိန်း ၁,၁၀၀ ကျော်ဖိုး အရောင်းအ ၀ယ် ဖြစ်ခဲ့သော်လည်း စက်တင်ဘာ ပထမပတ်တွင် ကျပ်သိန်း ၂၂၀ ကျော် ဖိုးသာ အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက သတင်း ထုတ်ပြန်ထားသည်။
‘‘သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲ။ အန်ကယ်တို့ စာရင်းဝင်ကုမ္ပဏီနဲ့ ရှယ်ယာပိုင်ရှင်ေ တွအပေါ် ထိ ခိုက်မှုတော့ မရှိနိုင်ဘူးလို့မြင် တယ်’’ဟု ရန်ကုန်စတော့အိတ် ချိန်းတွင် စာရင်းဝင်ထားသည့် သီလ၀ါအထူးစီးပွာရေးဇုန်အများ ပိုင်ကုမ္ပဏီ (MTSH) ဥက္ကဋ္ဌ ဦးဝင်း အောင်က ပြောသည်။
Credit: 7DayDaily