လက်ရှိမှာ သီလ၀ါအထူးစီးပွားရေးအတွင်း ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလုပ်ကိုင်ဖို့အတွက် ပြည်တွင်း/ပြည်ပ ကုမ္ပဏီ ၈၄ ခု နဲ့ စာချုပ်ချုပ်ဆိုထားပြီးဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှသိရပါတယ်။
အဆိုပါစာချုပ်ချုပ်ထားပြီးဖြစ်တဲ့ ကုမ္ပဏီတွေအနက်ကုမ္ပဏီ ၃၄ ခုမှာ လုပ်ငန်းများစတင်လည်ပတ်နေပြီဖြစ်ပါတယ်။
သီလ၀ါအထူးစီးပွားရေးဇုန်မှာ ကုမ္ပဏီလုပ်ငန်း ၁၅၀ ခန့်လုပ်ဆောင်နိုင်ရန် ရည်မှန်းထားတားဖြစ်ပါတယ်။
ယခုအချိန်မှာတော့ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ရည်မှန်းထားချက်ရဲ့ ထက်ဝက်ကျော် ၀င်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
သီလ၀ါအထူးစီးပွားရေးဇုန်မှာ ကုမ္ပဏီလုပ်ငန်းပေါင်း ၁၅၀ ခန့် ၀င်ရောက်ရင်းနှီးမြှုပ်နှံပါက အလုပ်အကိုင်
အခွင့်အလမ်း လေးသောင်းကျော် ရရှိနိုင်ဖို့မျှော်မှန်းထားပါတယ်။
မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်မှုနဲ့ သီလ၀ါအထူးစီးပွားရေးဇုန်ကို အကောင်
အထည်ဖော်ခြင်း ဖြစ်ပြီး အချိန်တိုအတွင်း ရင်းနှီးမြှုပ်နှံမှုများ မြန်မြန်ဆန်ဆန် ၀င်ရောက်လာလျက်ရှိတယ်လို့ သိရပါတယ်။
သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများ၊
အထည်ချုပ်လုပ်ငန်းများ၊ မော်တော်ယာဉ်ဆိုင်ရာလုပ်ငန်းနဲ့ အခြားစက်ရုံလုပ်ငန်းအမျိုးအစား
အများအပြား ၀င်ရောက်ရင်းနှီးမြှုပ်နှံထားပါတယ်။
Credit: SFJ Strategy First