အစိုးရ အပြောင်းအလဲကြောင့် ယမန်နှစ်က နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု (FDI) မှာ နည်းပါးခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် FDI တိုးတက်လာပြီးေ နာက် အမေရိကန် ဒေါ်လာ ၆ ဘီလီယံအထိ မျှော်မှန်းထားကြောင်း သတင်း ရရှိသည်။
“နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို ဒေါ်လာ ၆ ဘီလီယံလောက် မှန်းတာပေါ့။ သို့ေ သ်ာလည်း အမေရိကန် ဒေါ်လာ သန်း ၃၅၀၀ ကျော်လောက်တော့ ဝင် သွားပြီလို့ သိရတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုက ဒီတနှစ်အတွင်းမှာ တိုးလာ တယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟို စာရင်းအင်း အဖွဲ့ ညွှန်ချုပ် ဒေါက်တာ ဝါဝါမောင်က ပြောသည်။
ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ MICC – 2 တွင် မြန်မာနိုင်ငံ ရင်းနှီြး မုပ်နှံမှုကော်မရှင်နှင့် ဟောင်ကောင် အခြေစိုက် Euro Money Institutional Investor (Asia) တို့ ပူးပေါင်း၍ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ဖိုရမ် ၂၀၁၇ ကို ကျင်းပခဲ့ရာ ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင် ၁၂၀၀ေ ကျာ် တက်ရောက်ခဲ့ကြသည်။
ဒေါက်တာ ဝါဝါမောင်က “စိန်ခေါ်မှုတွေလည်း ရှိတယ်ဆိုတာ သူတို့ သိတယ်။ တဖက်ကကြည့်ရင် အခွင့်အလမ်းတွေလည်း အများကြီး ရှိတယ်။ ဒါကြော င့် မြန်မာနိုင်ငံကို သူတို့ စိတ်ဝင်စားတယ်။ အစိုးရကိုလည်း နိုင်ငံတကာက အကူအညီတွေ ပေးချင်ကြတယ်။ အစိုးရသစ်က ဘာတွေ လုပ်ပေးမှာလဲ။ စီးပွားရေး မူဝါဒတွေက ဘာတွေလဲဆိုတာ စိတ်ဝင်စားနေကြတာပေါ့”ဟု ဖိုရမ်တွင် သတင်းထောက်များကို ပြောသည်။
ရင်းနှီးမြုပ်နှံမှုတွင် ရန်ကုန်တိုင်းတွင် အများဆုံး ဖြစ်ပြီး၊ ၎င်းနောက်မှ မန္တေ လးတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့ လိုက်နေကြောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စင်ကာပူက အများဆုံး ရင်းနှီးမြုပ်နှံနေကြောင်း၊ ဒုတိယ ရင်းနှီးမြု ပ်နှံမှု အများဆုံးမှာ ဝန်ဆောင်မှုကဏ္ဍ နှင့် တတိယမှာ တယ်လီကွန် ကဏ္ဍ တွင် ဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင် ဦးက ပြောသည်။
ဦးအောင်နိုင်ဦးက “ရင်းနှီးမြုပ်နှံတဲ့နေရာမှာ ကုန်ထုတ်လုပ်မှုကဏ္ဍက အများ ဆုံးပါပဲ။ ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံတွေထဲမှာဆို လတ်တလော စင်ကာပူက အများ ဆုံးပဲ။ တရုတ်က ဒုတိယ လိုက်တယ်၊ အဲဒီနောက်မှာ ဟောင်ကောင်နဲ့ ထိုင်း ရှိတယ်”ဟု ပြောသည်။
ရင်းနှီးမြုပ်နှံမှုများ ဝင်လာသည့်အခါ အထူးသဖြင့် ၎င်းတို့ ရင်းနှီးမြုပ်နှံချင် သည့် ကဏ္ဍနှင့် မြန်မာဘက်က ရင်းနှီးမြုပ်နှံစေလိုသည့် ကဏ္ဍများကို ချိန်ညှိ ရသည့် အနေအထားမျိုး ရှိကြောင်း၊ ယင်းသို့ ချိန်ညှိနိုင်ရန်အတွက် ယခုကဲ့သို့ ဖိုရမ်များကို တနှစ်လျှင် အနည်းဆုံး တကြိမ် ကျင်းပရန် စီစဉ်ထားေ ကြာင်း မြန်မာ အစိုးရ အရာရှိများက ပြောသည်။
လက်ရှိအစိုးရသစ် လက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုမှာ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၁၇၂ ဒသမ ၂၂၇ သန်း ရှိပြီး လုပ်ငန်း ၁၃၈ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်က စိစစ်ခွင့်ပြုခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့သည်။
“ဆောင်ရွက်ဆဲ လုပ်ငန်း ၇၁ ခုကို ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ေ ဒ်ါလာ ၁၄၇၇ ဒသမ ၅၈၅ သန်း ထပ်မံ တိုးမြင့် ခွင့်ပြုပေးခဲ့ လို့ ရင်းနှီးမြှပ်နှံမှု တိုးမြင့်တာတွေအပါအဝင် စုစုပေါင်း ရင်းနှီးမြှပ်နှံမှုပမာဏမှာ အမေရိကန်ေ ဒ်ါလာ ၆၆၄၉ ဒသမ ၈၁၂ သန်းခန့် ဖြစ်ပါတယ်”ဟု ဦးဆက်အောင်က ဆို သည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ် မတ်လထိ ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍက ၄၆ ဒသမ ၃၃ ရာခိုင်နှုန်း၊ စက်မှု ကဏ္ဍမှာ ၁၇ ဒသမ ၇၄ ရာခိုင်နှုန်းနှင့် လျှပ်စစ်ဓါတ်အားကဏ္ဍတွင် ၁၃ ဒသ မ ၆၈ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း၊ ဗီယက်နမ် နိုင်ငံသည် တနှစ်ကာလအတွင်း ရင်းနှီးမြုပ်နှံမှု အတိုးတက်ဆုံး နိုင်ငံဖြစ်လာကြောင်း သိရသည်။
ကနေဒါ၊ ထိုင်း၊ ဆာမိုရာ၊ မာရှယ်ကျွန်း၊ ပြင်သစ်၊ လက်ဘနွန်၊ ကမ္ဘောဒီး ယားနှင့် အိုင်ယာလန် နိုင်ငံတို့သည် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နေကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ် မတ်လထိ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ၁၂၄၆ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၀၃၅၀ ဒသမ ၈၉၅ သန်း ရှိကြောင်း၊ လက်ရှိတွင် လုပ်ငန်း ၉၆၆ ခု၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၉၆၁၁ ဒသမ ၅၂၂ သန်း ရှိနေကြောင်း စီးမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။
Credit: Irrawaddy