ငွေပေးချေမှုများတွင် အဆင်ပြေ ချောမွေ့နိုင်ရန် Visa Credit ကတ်များကို ယူနိုက်တက်အမရာ ဘဏ်တွင် စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း UAB ဘဏ်၏အထူးအကြံ ပေးအရာရှိ Mr.Christopher Loh က စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel တွင် ပြည်တွင်းမီဒီယာများကို ပြောကြားခဲ့သည်။ အဆိုပါ Visa ကတ်များသည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် အသုံးပြုနိုင်ပြီး ပြည်တွင်း၊ ပြည်ပသို့ ဈေးဝယ်ထွက်ခြင်း၊ ခရီးသွားလာ ခြင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် အခြားငွေပေးချေမှုဆိုင်ရာ ဝန်ဆောင် မှုများရယူရာတွင် လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်မည် ဖြစ်သည်။
UAB Visa ကတ်များကို အသုံးပြု သူများသည် Visa နှင့်ချိတ်ဆက်ထားသော ပြည်တွင်း၊ ပြည်ပရှိကုန်သည်များနှင့် အခြားလုပ်ငန်းများထံမှလည်း Discount များနှင့် Benefit များကို ရရှိနိုင်မှာဖြစ်သည်။ ဈေးဝယ်ထွက်ရာတွင် ငွေသားကိုင်ဆောင်သွား ရန်မလိုဘဲ အဆင်ပြေချောမွေ့သော ငွေပေးချေမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း Mr.Christopher Loh က ပြောသည်။
အရေးပေါ်ငွေကြေးလိုအပ်မှုများ နှင့်မမျှော်လင့်ထားသည့် အကြောင်း အရာတစ်စုံတစ်ခုအတွက် ငွေကြေး လိုအပ်မှုအစရှိသည်များတွင် အသုံး ဝင်သည့်အရာတစ်ခု ဖြစ်သည်ဟု သိရသည်။ ထို့အပြင် အဆိုပါ Visa ကတ်များကို မြန်မာနိုင်ငံအတွင်း အသုံးပြုရာတွင် ဗဟိုဘဏ်မှ ညွှန်ကြားထားသည့်အတိုင်း ကျပ် ငွေများကို ပြောင်းလဲပေးနိုင်ခြင်းကြောင့် ကတ်ကိုင်ဆောင်သူများက နိုင်ငံခြားငွေကြေးနှင့် မြန်မာငွေကြေး အပြောင်းအလဲ နှုန်းထားအတွက် အဆင်ပြေစွာအသုံးပြုနိုင်မည် ဖြစ် သည်ဟု သိရသည်။
Credit: The Mirror