ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လမ်းပိတ်ဆို့မှုမဖြစ်ပေါ် စေရေးအတွက် မြို့တော်နယ်နိမိတ် အတွင်းလမ်းနယ်ကျူးကျော်မှုများ ပပျောက်စေရန် အများပြည်သူပိုင် လမ်းများအပေါ်တွင် အမိုး၊ အဖီ၊ အဆွယ်များ ပြုလုပ်၍ဈေးရောင်းချ နေမှုနှင့် ဈေးခုံများခင်းကျင်းခြင်း၊ ကုန်ပစ္စည်းများ စုပုံထားခြင်းတို့ ကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ် စေပြီး ခရီးသွားပြည်သူများ စိတ် အနှောင့်အယှက်ဖြစ်ပေါ်စေသဖြင့် ယင်းကဲ့သို့ပြုမူဆောင်ရွက်ခြင်းမပြု လုပ်ရန် ကြိုတင်အသိပေးပြီး စည်းကမ်းလိုက်နာမှုမရှိပါက စည်း ကမ်းထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရန်ကုန်အနောက် ပိုင်းခရိုင် လှိုင်မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်တို့တွင် လမ်းနယ်ကျူးကျော်မှု များအား စည်းကမ်းထိန်းသိမ်းဆောင် ရွက်နေမှုတို့ကိုမြင်တွေ့ရသည်။
''အများပြည်သူပိုင် လမ်းနယ်နိမိတ် ကို ကျူးကျော်ပြီး အမိုး၊ အဖီ၊ အဆွယ် တွေ ဆောင်ရွက်ထားကြတယ်။ အချို့စားသောက်ဆိုင်တွေက လမ်း ပေါ်မှာ ဈေးခုံတွေခင်းကျင်းပြီး ရောင်းဝယ်နေကြတော့ လမ်းပိတ်ဆို့ သွားတာပေါ့။ ဒါကြောင့်ကြိုတင် အသိပေးမှု လုပ်ငန်းတွေဆောင်ရွက် ပြီး စည်းကမ်းလိုက်နာမှုမရှိတဲ့ လမ်း ပေါ်ကပစ္စည်းတွေကို အမှိုက်အဖြစ် မှတ်ယူပြီး ဖယ်ရှားရှင်းလင်းဆောင်ရွက်နေပါတယ်''ဟု လှိုင်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက ပြောသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် လှိုင်မြို့နယ်၌ အမှတ် (၇)ရပ်ကွက်မှ သံလမ်း၊ ဗဟိုလမ်းနှင့် အမှတ်(၁) ရပ်ကွက်မှ ဘူတာရုံလမ်းတစ်လျှောက် လမ်းနယ် ကျူးကျော်မှုများအား စည်းကမ်း ထိန်းသိမ်းဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ကြပြီး မရမ်းကုန်းမြို့နယ် တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးနှင့် အမှတ် (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်း၍ အမှတ် (၁)ရပ်ကွက်အတွင်း လမ်း နယ်နိမိတ်ကျူးကျော် ရောင်းဝယ်နေမှု များအား နို့တစ်စာများဖြင့် လိုက်လံ အသိပေးမှုများ ဆောင်ရွက်ခဲ့ကြ သည်ဟုဆိုသည်။
''လမ်းနယ်နိမိတ် ကျူးကျော်မှု ပပျောက်စေဖို့ ရပ်ကွက်အုပ်ချုပ်ရေး မှူးနဲ့ပူးပေါင်းပြီး အမှတ် (၁)ရပ်ကွက် အတွင်းမှာ လမ်းနယ်ကျူးကျော်နေသူ တွေကို နို့တစ်စာတွေပေးပြီး ကြိုတင် အသိပေးမှုတွေ ဆောင်ရွက်နေပါ တယ်။ စည်းကမ်းလိုက်နာမှု မရှိရင် တော့ စည်းကမ်းထိန်းသိမ်းဆောင် ရွက်သွားမှာပါ''ဟု မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး ဦးအေး သောင်းကပြောသည်။
မျက်မှောက်ကာလတွင် ရန်ကုန်မြို့ ၌ ပျံကျဈေးသည်အချို့သည် အများ ပြည်သူပိုင်လမ်းများပေါ်တွင် ဈေးခုံများ ခင်းကျင်းရောင်းဝယ်ခြင်း၊ အချို့သောအိမ်ဆိုင်များက လမ်းနယ်နိမိတ် အထိ အမိုး၊ အဖီ၊ အဆွယ်များပြုမူ ဆောင်ရွက်ထားခြင်း၊ အချို့သော စီးပွားရေးလုပ်ငန်းရှင်များက လူသွား စင်္ကြံလမ်းနှင့်လမ်းပေါ်တွင် ကုန် ပစ္စည်းများ စုပုံထားခြင်းနှင့်ကြော်ငြာ ဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက် ထားမှုများရှိနေသဖြင့် မူလလမ်း နယ်နိမိတ်ကို အပြည့်အဝအသုံးပြု၍ မရဘဲ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ် နေသည်ဟုဆိုသည်။
ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှလမ်းနယ်နိမိတ်ကျူးကျော် မှုပပျောက်ရေးလုပ်ငန်းများဆောင် ရွက်နေသည်ဟုသိရသည်။
Credit: The Mirror