ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ အသေးစား၊ အလတ်စား၊ စီးပွားရေး လုပ်ငန်းရှင်တွေကို အပေါင်ပစ္စည်းမလိုဘဲ ချေးငွေပေးဖို့ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက အာမခံပေးဖို့လိုအပ်ကြောင်းသိရပါတယ်။
ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်ဥက္ကဌ ဦးဝင်းဇော်က 'အသေးစားေ ဆာက်လုပ်ရေး လုပ်ငန်းရှင်တွေကို ချေးငွေပေးမယ်ဆိုရင် တိုင်းဒေသကြီး အစိုးရက အာမခံပေးရမယ်။ အာမခံမရဘဲချေးငွေရမယ်ဆိုရင် တိုင်းဒေသ ကြီး အစိုးရတွေ၊ တာဝန်ရှိတဲ့ အာဏာပိုင်တွေနဲ့ ညှိပြီးတော့ ချေးငွေပေး သွင်းမှာပါ၊ အခုအထိချေးငွေရမယ်လို့ တရားဝင်အကြောင်းကြားတာလဲ မရှိသေးတော့ ကြိုတင်ဆောင်ရွက်နေတာလဲမရှိပါဘူး' လို့ပြောပါတယ်။
ဆောက်လုပ်ရေးကဏ္ဍမှာ ဈေးကွက်ကျဆင်းမှုတွေကြောင့် လုပ်ငန်းလည် ပတ်ဖို့အခက်အခဲရှိနေတဲ့လုပ်ငန်းတွေနဲ့ ငွေကြေးအခက်အခဲကြောင့် အပြီး သတ်ဖို့ ခက်ခဲနေတဲ့ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေအနက် အလားအ လာကောင်းတဲ့ လုပ်ငန်းတွေကို နှစ်ဆင့်ခံ ချေးငွေတွေ ထောက်ပံ့ပေးနိုင်ဖို့ စီးစဉ်ထားတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးကျော်ဝင်းကပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ချေးငွေထောက်ပံ့ပေးနိုင်ဖို့အတွက် ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွား မယ်လို့ ၀န်ကြီးဦးကျော်ဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်နှစ်ကတော့ ငွေကြေးမလည်ပတ်နိုင်တဲ့ အကြီးစားဆောက်လုပ်ေ ရးလုပ်ငန်းရှင်တွေကို အပေါင်ခံပစ္စည်းနဲ့ ငွေချေးပေးခဲ့ကြောင်း ဦးဝင်းဇော် ကပြောပါတယ်။
သူက 'အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က ချေးငွေမပေးဖူးဘူး၊ လွန်ခဲ့တဲ့ နှစ်နှစ်က အကြီးစားဆောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်နေတဲ့ ငွေကြေးမလည်ပတ်နိုင်တဲု့ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို ၃၀ ဘီလျံထုတ်ချေးပေးဖူးပါတယ်' လို့ ပြောပါတယ်။
စီမံကိန်းတစ်ခုအနေနဲ့ အသေးစားလုပ်ငန်းရှင်တွေကို ချေးငွေပေးမယ်းဆို ရင်ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ချေးငွေ ထုတ်ပေးမှာ ဖြစ်ေ ပမဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိအနေနဲ့ ချိတ်ဆက် ပြီး ချေးငွေယူဖို့ အခက်အခဲ ရှိနေကြောင်း ပြည်တွင်းဆောက်လုပ်ရေး လုပ် ငန်းရှင်တွေက ပြောပါတယ်။
'ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ချေးငွေရဖို့ ကြိုးစားနေတယ်၊ သူတို့က အပေါင်ပစ္စည်းပေးမှ ချေးငွေပေးမယ်ပြောတယ်။ အပေါင်ပစ္စည်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ချေးငွေပြန်ရနိုင်တယ်၊ အပေါင်က သိန်းတစ်သောင်း ခွဲပေးမယ်ဆိုရင် သိန်း ၃၀၀ လောက်ပဲ ချေးငွေပြန်ရနိုင်တယ်၊ အပေါင်ေ ပးဖို့ဆိုလဲ မြေကွက်တွေပဲ ထားလို့ရပါတယ်၊ တိုက်ခန်းတွေ၊ ကွန်ဒိုတွေ၊ အပေါင်မထားနိုင်တော့အခက်တွေ့ရပါတယ်။ တန်ဖိုးမြင့်တဲ့ ကွန်ဒိုတွေနဲ့ တိုက်ခန်းတွေကို ထားဖို့ကလဲ တိုက်ခန်းအိမ်ရာ ဥပဒေလိုအပ်တယ်' လို့ေ ဆာက်လုပ်ရေးလုပ်ငန်းတစ်ခုက အထွေထွေမန်နေဂျာ တစ်ဦးက ပြော ပါတယ်။
Credit: The Kumudra