PSG သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသူ ဘရာဇီးတိုက်စစ်မှူးနေမာ ပဲရစ်မြို့ရှိ ငါးထပ်တိုက်တစ်လုံးကို တစ်လလျှင် ပေါင် ၁၄၀၀၀ ဖြင့် ငှားရမ်းနေထိုင်

PSG သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသူ ဘရာဇီးတိုက်စစ်မှူးနေမာ ပဲရစ်မြို့ရှိ ငါးထပ်တိုက်တစ်လုံးကို တစ်လလျှင် ပေါင် ၁၄၀၀၀ ဖြင့် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
12 Sep 2017 12:14 pm တွင် တင်ခဲ့သည်
2788 ကြိမ် ကြည့်ရှု့ပြီး
ပြင်သစ်လီဂူးထိပ်တန်းကလပ်အသင်း PSG (Paris Saint Germain) သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ရောက်ရှိလာသူ ဘရာဇီးတိုက်စစ်မှူးနေမာသည် ပဲရစ်မြို့ရှိ နေအိမ်တစ်လုံးကို တစ်လလျှင် ပေါင် ၁၄၀၀၀ ဖြင့် ငှားရမ်းလိုက်ပြီ ဖြစ်ကြောင်း ESPN သတင်းတစ်ရပ်
တွင် ဖော်ပြသည်။

နေအိမ်တည်နေရာမှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့လယ်မှ ၁၅ ဒသမ ၃ ကီလိုမီတာအကွာတွင် တည်ရှိသည့် ဘူးရှီးဗာလ် ကျေးရွာတွင် တည်ရှိသည်။
ယင်းနေရာတွင် PSG အသင်း၏ လေ့ကျင့်ရေးကွင်းတည်ရှိပြီး
ယခင်က ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟိုနေရာထိုင်ခဲ့ရာ ဒေသဖြစ်သည့်အပြင် လက်ရှိအသင်းဖော် လေဗင် ကာဇာဝါလည်း နေထိုင်လျက်ရှိသည်။

နေမာ၏ အသက်မှာ ၂၅ နှစ်သာရှိသေးပြီး ပြီးခဲ့သော နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း လီဂူးတွင် ၃ ဂိုးသွင်းယူပေးထားကာ
အခြား ၃ ဂိုး ရရှိရန်လည်း ပံ့ပိုးပေးထားနိုင်ခဲ့သည်။

လက်ရှိအချိန်အထိမူ ဟိုတယ်တစ်ခုတွင်သာ တည်းခိုလျက်ရှိနေသေးသည်။
သို့ရာတွင် ဘရာဇီးအတွက် နိုင်ငံတကာပွဲများ ပါဝင်ယှဉ်ပြိုင်ပြီးပါက ယခုငှားရမ်းလိုက်သည့် ငါးထပ်တိုက်သို့ ပြောင်းရွှေ့နေထိုင် တော့မည် ဖြစ်သည်။

အဆိုပါငါးထပ်တိုက်သည် ပြင်သစ်သရုပ်ဆောင် ဂျရတ်ဒ် ဒီးပါးဂျူ ပိုင်ဆိုင်ခဲ့ဖူးသော နေအိမ်လည်း ဖြစ်သည်။

နေအိမ်အတွင်း အင်ဒိုးရေကူးကန်ပါဝင်ပြီး နေအိမ်အကျယ်အဝန်း စတုရန်းမီတာ ၁၀၀၀ ရှိကာ ခြံဝန်းမှာ စတုရန်းမီတာ ၅၀၀၀ အကျယ်အဝန်းပြီး ပန်းဥယျာဉ်တစ်ခု ပါဝင်သည်။

အဆိုပါနေအိမ်ကို ၁၉၅၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အငှားဈေးကွက်သို့ ယခင်က လုံးဝရောက်ရှိခဲ့ဖူးခြင်း မရှိချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
PSG သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသူ ဘရာဇီးတိုက်စစ်မှူးနေမာ ပဲရစ်မြို့ရှိ ငါးထပ်တိုက်တစ်လုံးကို တစ်လလျှင် ပေါင် ၁၄၀၀၀ ဖြင့် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service