Myanmar Thilawa SEZ Holdings Public Limited (MTSH) ကုမ္ပဏီ အုပ် စု၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အမြတ်ငွေ ကျပ် ၂၂ ဘီလျံကျော် ရရှိခဲ့သော်လည်း ပြည်သူများသို့ ရှယ်ယာတစ်စု ကျပ် ၂၆၀ သာ အမြတ်ခွဲေ ၀ပေးခဲ့ကာ အဆိုပါ ကျပ် ၂၂ ဒသမ ၃ ဘီလျံ၏ ၁ ဒသမ ၇၅ ရာခိုင်နှုန်းကိုမူ ဒါရိုက်တာအဖွဲ့ဝင် ၁၂ ဦးက ဆုကြေးအဖြစ် ခွဲဝေယူရန် အတည်ပြုခဲ့ေ ကြာင်း စက်တင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
၂၀၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ကျင်းပသည့် စတုတ္တအကြိမ် နှစ် ပတ်လည် အထွေထွေ အစည်းအဝေး၌ အတည်ပြုမှုအရ ပြည်သူများသို့ ရှယ်ယာတစ်စု ကျပ် ၂၆၀ သာ ခွဲဝေရန် ဆုံးဖြတ်ခဲ့သော်လည်း ကျပ် ၂၂ ဘီလျံကျော် အမြတ်ရခဲ့သည့် သီလ၀ါကုမ္ပဏီ၏ ၁ ဒသမ ၇၅ ရာခိုင်နှုန်းနှင့် ညီမျှသည့် ကျပ်သန်း ၄၀၀ ကိုမူ ဦးဝင်းအောင် ဦးဆောင်သည့် ဒါရိုက်တာ အဖွဲ့ဝင် ၁၂ ဦး က ခွဲဝေယူကြမည်ဖြစ်သည်။
ထိုသို့ ခွဲဝေရာတွင် မြန်မာနိုင်ငံ၏ ထိပ်တန်းလုပ်ငန်းရှင်များဖြစ်သည့် တိုင် ကွန်း ဦးဝင်းအောင်က ကျပ်သန်း ၄၀၊ ဦးခင်မောင်အေးနှင့် ဦးသိမ်းဝေက ကျပ် ၃၆ သန်းစီ ခွဲဝေရယူကြမည်ဖြစ်ပြီး ဒေါက်တာအောင်ထွန်းသက်၊ ဦးတင်ထွဋ်ဦး၊ ဦးအောင်ညွန့်၊ ဦးသိန်းဟန်၊ ဦးထွန်းလွင်၊ ဒေါက်တာဥာဏ် သစ်လှိုင်၊ ဦးတင်မောင်လှိုင်၊ ဦးအောင်စိုးသာနှင့် ဦးညီခင်တို့က ကျပ် ၃၂ သန်းစီ ရယူကြမည်ဖြစ်သည်။ ဒါရိုက်တာအဖွဲ့၏ ဆုကြေးကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အမြတ်၏နှစ်ရာခိုင်နှုန်း(ကျပ် ၄၁၃ သန်း) အပါအ၀င် လွတ်လပ်ေ သာ ဒါရိုက်တာများဖြစ်ကြသည့် ဒေါက်တာအောင်ထွန်းသက်၊ ဦးတင်ထွဋ် ဦးနှင့် ဦးအောင်ညွန့်တို့အတွက် ဥာဏ်ပူဇော်ခ ကျပ် ၅၈ သန်း ခွဲဝေပေး မည်ဖြစ်သဖြင့် ဘဏ္ဍာနှစ် နှစ်နှစ်အတွင်း ဒါရိုက်တာအဖွဲ့က ခွဲဝေရယူသည့် ဆုကြေးမှာ ကျပ် ၈၇၁ သန်းအထိ ရှိနေပြီဖြစ်သည်။
ယခုနှစ် MTSH ၏ အခွန်ပေးဆောင်ပြီး စုစုပေါင်းဝင်ငွေမှာ ကျပ် ၂၂ ဒသမ ၃ ဘီလျံဖြစ်ပြီး၂၀၁၅-၁၆ ဘဏ္ဍာနှစ် ၀င်ငွေနှင့်နှိုင်းယှဉ်ပါက ရှစ်ရာခိုင်နှုန်း ပိုမိုရရှိခဲ့သော်လည်း ဒါရိုက်တာများ၏ ဆုကြေးငွေအား အဆိုပြုရာတွင် ယခ င်နှစ်က အမြတ်ငွေ၏ နှစ်ရာခိုင်နှုန်း အတည်ပြုခဲ့သော်လည်း ယခုနှစ် တွင် လျှော့ချ၍ ၁ ဒသမ ၇၅ ရာခိုင်နှုန်းသာ အဆိုပြုခဲ့ကြောင်းနှင့် MTSH ၏ ဒါရိုက်တာ အဖွဲ့ဝင်များသည် MTSH ၏ စီမံအုပ်ချုပ်မှုတစ်ခုတည်းသာ မဟုတ်ဘဲ MJTD နှင့် TPD ကုမ္ပဏီများမှလည်း ပဲ့ကိုင်မောင်းနှင်နေေ ကြာင်းနှင့် ဒါရိုက်တာအဖွဲ့ဝင်အားလုံးအား ကုမ္ပဏီများအတွက် ထူးခြားေ အာင်မြင်သော ရလဒ်ကောင်းများကို ရရှိစေခဲ့သည့် ၎င်းတို့၏ ကောင်း မွန်ပြည့်ဝသော ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုတို့အတွက် အထူးကျေးဇူး တင်ကြောင်း MTSH ၏ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
သီလ၀ါရှယ်ယာတစ်စု ကျပ် ၃၃၀၀ အထိ ကျဆင်းနေချိန်တွင် အဆိုပါ ရှယ် ယာများကို ၄၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့သည့် အများပိုင်ကုမ္ပဏီကိုးခု၏ သီလ၀ါရှယ်ယာ ပိုင်ဆိုင်မှုများ လျော့ကျလာပြီး လက်ရှိတွင် အများဆုံး ပိုင် ဆိုင်ထားသူများမှာ ဦးနိုင်မိုးက ၅၃၇၉၈၀ စု၊ ဦးထွန်းလွင်က ၅၂၃၈၅၀ စု၊ MTSH မှ ဥက္ကဋ္ဌ ဦးဝင်းအောင်က ၂၅၆၃၄၀ စုနှင့် ဦးဝင်းအောင်၏ မိသား စုဝင်များဖြစ်သည့် ဦးသူရိန်အောင်၊ ဒေါ်အိနှင်းပွင့်၊ ဒေါ်အိနှင်းခိုင်တို့က ၁၁၄၂၄၁၀ စု ပိုင်ဆိုင်ထားကာ ဦးဝင်းအောင်နှင့် မိသားစုက ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင်ရှယ်ယာမှာ ၃၈၉၂၉၁၅၀ စု ရှိနေပြီး ကုမ္ပဏီကိုးခုနှင့် လူပုဂ္ဂိုလ် ၁၁ ဦးက ရှယ်ယာများ၏ ၄၆ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားကြောင်း သိရသည်။
Credit: Eleven Media Group