ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ထိုးဆင်းသွားခဲ့ပြီး ညနေပိုင်းတွင် ၉၁ ဒသမ ၃၁ ပွိုင့်ဖြင့် ဈေးပိတ်ခဲ့ကာ ပြည်တွင်းဈေးကွက်၌ စက်တင်ဘာ ၉ ရက် တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၄၈ ကျပ်ဝန်းကျင် ဆက်လက်ဖြစ်ေ ပ်ါခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။
အမေရိကန်နိုင်ငံ ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလေ နာက်ပိုင်း ဇန်န၀ါရီ ၃ ရက်တွင် ၁၀၃ ဒသမ ၈၂ ပွိုင့် အထိ အမြင့်ဆုံးေ ရာက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁၈ ရက် နောက်ပိုင်းကတည်းက ၁၀၀ ပွိုင့်ေ အာက်၊ မေ ၁၅ ရက်မှစတင်ကာ ၉၉ ပွိုင့်အောက် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော ဧပြီလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၁၀၁ ဒသမ ၂၂ ပွိုင့်ဖြစ် ပြီး မေလအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၉ ဒသမ ၆၅ ပွိုင့်၊ ဇွန်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၇ ဒသ မ ၅၃ ပွိုင့်၊ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်း ထားမှာ ၉၆ ဒသမ ၂၀ ပွိုင့်၊ သြဂုတ်လအတွင်း အမြင့်ဆုံးနှုန်းထားမှာ ၉၄ ဒသမ ၀၁ ပွိုင့် ဖြစ်သည်။
၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိ သာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး မတ်လအတွင်း ပြည်တွင်းဈေးကွက်၌ အမြင့် ဆုံးဒေါ်လာဈေးသည် ၁၃၆၆ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး ဒေါ်လာဈေးသည် ၁၃၅၇ ကျပ် ဖြစ်သည်။ ထို့အတူ ဧပြီလအတွင်း အမြင့်ဆုံးဈေးနှုန်းသည် ၁၃၆၁ ကျပ်ြ ဖစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ၁၃၄၇ ကျပ်ဖြစ်ကာ မေလအတွင်း အမြင့် ဆုံး ဒေါ်လာဈေးသည် ၁၃၆၃ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ၁၃၄၈ ကျပ်ြ ဖစ်သည်။ ထို့နောက် ဇွန်လအတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနိုင်ငံခြား ငွေ လဲနှုန်းမှာ တစ်ဒေါ်လာ ၁၃၆၁ ကျပ် ဖြစ်ပြီး အနိမ့်ဆုံးနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာကျပ် ၁၃၅၀ ဖြစ်ကာ ဇူလိုင်လအတွင်း အမြင့်ဆုံးနိုင်ငံခြားငွေ လဲနှုန်းမှာ ၁၃၆၃ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနိုင်ငံခြား ငွေလဲနှုန်းမှာ ၁၃၅၅ ကျပ် ဖြစ်သည်။
ဒေါ်လာဈေးသည် ဇူလိုင်လကုန်ပိုင်းတွင် ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ်လအတွင်း အမြင့်ဆုံးဈေးနှုန်းမှာ ၁၃၅၈ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးဈေးနှု န်းမှာ ၁၃၅၃ ကျပ်ဖြစ်ရာ ယခင်လများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကွာဟချက် နည်းပါးကာ တည်ငြိမ်လျက်ရှိသည်။ သြဂုတ်လကုန်ပိုင်းရက်များဖြစ်သော သြဂုတ် ၂၅ ရက်တွင် ၁၃၅၆ ကျပ်၊ သြဂုတ် ၂၇ ရက်တွင် ၁၃၅၄ ကျပ်၊ သြဂုတ် ၂၉ ရက်တွင် ၁၃၅၃ ကျပ်သို့ ဆက်တိုက်ကျ ဆင်းခဲ့သော နိုင်ငြံ ခားငွေလဲနှုန်းသည် သြဂုတ် ၃၀ ရက်တွင် ၁၃၅၅ ကျပ်အထိ ပြန်တက်ခဲ့ သည်။ စက်တင်ဘာ ၁ ရက်တွင် ၁၃၅၄ ကျပ်၊ စက်တင်ဘာ ၄ ရက်တွင် ၁၃၅၀ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် ၁၃၅၂ ကျပ်၊ စက်တင်ဘာ ၇ ရက်တွင် ၁၃၅၄ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သော်လည်း စက်တင်ဘာ ၈ ရက်မှ စတင်ကာ ၁၃၄၈ ကျပ်အထိ ထိုးဆင်းခဲ့ခြင်း ဖြစ်သည်။
ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို စက်တင်ဘာ ၈ ရက်၌ တစ်ဒေါ်လာ ၁၃၅၉ ကျပ်အဖြစ် ဆက်လက်သတ်မှတ်ခဲ့ကြောင်း သိရသည်။
Credit: Eleven Media Group