Wave Money၊ M-Pitesan နှင့် OK$ အပါအ၀င် မိုဘိုင်းငွေရေးကြေးရေး လုပ်ငန်းသုံးခုအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင် ခွင့်ပြုပေးထားေ ကြာင်း သိရသည်။
Wave Money ၏ အဓိကရှယ်ယာဝင်များအဖြစ် FMI၊ ရိုးမဘဏ်နှင့် တယ် လီနောက ပါဝင်ပြီး M-Pitesan ကို Ooredoo Myanmar Fintech Limited က လုပ်ဆောင်ခြင်းဖြစ်ကာ OK$ ကိုမူ Internet Wallet Myanmar Limited က လုပ်ဆောင်ခြင်းဖြစ်ပြီး ယခုနှစ် သြဂုတ် ၃၀ ရက်တွင်မှ တရားဝင် လုပ် ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသည့် မိုဘိုင်းငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ငန်းများ စည်းမျဉ်းအရ မိုဘိုင်းငွေရေးကြေးရေး လုပ်ငန်းလုပ်ဆောင်သူ သည် အနည်းဆုံး မ,တည်ရင်းနှီးငွေ ကျပ်သန်း ၃၀၀၀ ထည့်ဝင်ရမည်ဖြစ်ပြီး မ,တည်ရင်းနှီးငွေ၏ ၀ ဒသမ ၁ ရာခိုင်နှုန်းကို မှတ်ပုံတင်ကြေးအဖြစ် ပေး သွင်းရန် လိုအပ်မည်ဖြစ်သည်။
မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ အနြေ ဖင့် မျှောထားသည့်ငွေကြေး (မိုဘိုင်းငွေရေးကြေးရေး ၀န်ဆောင်မှုပေးသူက ယင်း၏ ဆက်သွယ်ဆောင်ရွက်သူဖြစ်သော ဆက်သွယ်ဆောင်ရွက်သူအား အချိန်မရွေးပေးရန် တာဝန်ရှိသည့် မိုဘိုင်းငွေကြေးစာရင်းများ စုစည်းထား သည့် စာရင်းလက်ကျန်စုစုပေါင်း) ၏ ၁၀၀ ရာခိုင်နှုန်းနှင့် တူညီသည့် ပမာ ဏတစ်ရပ်ကို ဘဏ်၌ ယုံကြည်အပ်နှံစာရင်းဖွင့်၍ အစဉ်ထိန်းသိမ်းထားရ မည်ဖြစ်သည်။
ထို့ပြင် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက် ဖျက်ရေးဆိုင်ရာ အချက်များကို လိုက်နာရမည်ဖြစ်ပြီး သတ်မှတ်စည်းမျဉ်းများ ကို လိုက်နာခြင်းမရှိပါက မိုဘိုင်းငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ကိုင် ခွင့်ပြုခြင်းကို ရပ်စဲခြင်း အပါအ၀င် မိုဘိုင်းငွေရေးကြေးရေး ၀န်ဆောင်မှု လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်ကို ရုပ်သိမ်းခြင်းများ လုပ်ဆောင်မည်ဖြစ် သည်။
Credit: Eleven Media Group