ရန်ကုန်မြို့၊ ပြည်လမ်း၊ အင်းလျားကန်ဘောင်အနီးရှိLotte ဟိုတယ်ကို စက်တင်ဘာ ၈ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါတယ်။
Lotte ဟိုတယ်မှာ ကိုးရီးယားကုမ္ပဏီ Lotte လုပ်ငန်းစုရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ထားခြင်း ဖြစ်ပြီး
အခန်းပေါင်း ၆၅၈ ခန်း ပါဝင်ပါတယ်။ယခုအခါမှာ မြန်မာနိုင်ငံအတွင်း ဟိုတယ် ၁၅၀၀ ကျော်ရှိပြီး အခန်း ၆ သောင်းကျော် ရှိလာပြီ ဖြစ်ပါတယ်။
နိုင်ငံတကာအဆင့်မီဟိုတယ်များ ရှိလာခြင်းကြောင့် ဟိုတယ်အခန်းခများ လျော့နည်းသက်သာလာမှာ
ဖြစ်ကာ ခရီးသွားများတည်းခိုနေထိုင်ရန် ပိုမို အဆင်ပြေလာမှာ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကပြောပါတယ်။
မြန်မာနိုင်ငံသို့ ၂၀၁၂ မှာ ခရီးသွားများ စံချိန်တင်ဝင်ရောက်လာရာ ဟိုတယ်အခန်းအရေအတွက်နဲ့ ခရီးသွားဦးရေ မလုံလောက်မှုတွေ ဖြစ်ပေါ်လာခဲ့ကာဟိုတယ်အခန်းခဈေးနှုန်းများ မတန်တဆ မြင့်တက်မှုတွေ
ဖြစ်ပေါ်ခဲ့ပါတယ်။
ယခုအခါမှာတော့ နိုင်ငံတကာအဆင့်မီ ဟိုတယ်များစွာထွက်ပေါ်လာပြီဖြစ်ရာ ဟိုတယ်အခန်းအရေအတွက်နဲ့ ခရီးသွားဦးရေ မလုံလောက်မှုပြဿနာကို ဖြေရှင်းနိုင်ပြီဖြစ်ကာ ဟိုတယ်အခန်းခဈေးနှုန်းများ မျှတသွားပြီ
ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက ပြောပါတယ်။
နိုင်ငံတကာအဆင့်မီဟိုတယ်များ ရင်းနှီးမြှုပ်နှံမှုကြောင့်နိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းများ နဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုတို့အပေါ် အထောက်အကူရရှိလာစေမှာ ဖြစ်တယ်လို့ တာဝန်ရှိသူများက
ပြောပါတယ်။
ရန်ကုန်မြို့၊ အင်းလျားကန်ဘောက်အနီးရှိ Lotte ဟိုတယ်ကို ရင်းနှီးမြှုပ်နှံခဲ့တဲ့ Lotte လုပ်ငန်းစုမှာ ကိုးရီးယားနိုင်ငံရဲ့ ထိပ်တန်းလုပ်ငန်းစုကြီးများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီးဟိုတယ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ လက်လီလုပ်ငန်းများနဲ့ အခြားသောဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါတယ်။
Credit: SFJ Strategy First